နှလုံးသားထဲက အပြုအမူတွေကဆင့် ချစ်ခြင်းမေတ္တာကို ဖော်ပြကြတဲ့ မိသားစုတွေရဲ့အခိုက်အတန့်ပုံရိပ်များ

7.7.23-yyl-3.jpg

တချို့မိသားစုတွေ ပြုမူလိုက်တဲ့အခိုက်အတန့်တွေက စကားတွေထက် နက်ရှိုင်းစွာ ကျွန်တော်တို့ရဲ့ရင်ထဲထိစေပါတယ်။ ချစ်ခြင်းမေတ္တာကို နှလုံးသားထဲကလာတဲ့ အပြုအမူတွေနဲ့ အသံတိတ်အမူအရာတွေကဆင့် ဖော်ပြကြတဲ့ အခိုက်အတန့်တွေပါပဲ။ တချို့လူတွေအတွက် ချစ်ခြင်းမေတ္တာက မိသားစုရဲ့မြင့်မြတ်တဲ့နှောင်ကြိုးတွေအတွင်း စကားလုံးမပါတဲ့ အင်အားအကြီးဆုံးဘာသာစကားလို့လည်း ပြောလို့ရပါတယ်။

ဒီဇနီးမောင်နှံက သူတို့အချင်းချင်း အတူတကွအိုမင်းချင်တာကြောင့်ရော သူတို့ရဲ့ကလေးတွေနဲ့ အကြာကြီးနေချင်တာကြောင့်ပါ ကျန်းမာချင်ခဲ့တယ်။ အဲဒါကြောင့် အမျိုးသားက ပေါင် ၉၀ ချခဲ့ပြီး အမျိုးသမီးက ၁၃၅ ပေါင်ချခဲ့တယ်။

အမျိုးသားတစ်ယောက်က မိဘနှစ်ပါးနောက်ဆုံးအတူရှိပြီး ရိုက်ခဲ့စဉ်က ဖခင်ဖြစ်သူဝတ်ဆင်ခဲ့တဲ့ အင်္ကျီနဲ့ ဝက်ဝံရုပ်လုပ်ထားတာပါ။ ဝက်ဝံရုပ်ရဲ့လက်မှာ Voicemail အဟောင်းတွေကို သွင်းထားတဲ့ စပီကာထည့်ထားပါတယ်။ သူ့အဖေရဲ့ရေမွှေးကိုလည်း ဝက်ဝံရုပ်မှာ ဖြန်းထားပါတယ်။

မနက်တိုင်း အမျိုးသားတစ်ယောက်က သူ့ဇနီးမြင်ဖို့အတွက် ငှက်စာကို အသည်းပုံ ပုံစံချထားလေ့ရှိပါတယ်။

တော်ဝင်အစောင့်လုပ်နေတဲ့သားဖြစ်သူဆီ အမေဖြစ်သူ အလည်လာတဲ့ပုံ

ဒီအမျိုးသားက ကလေးမရှိပါဘူး။ ဒါပေမဲ့ ဂျပန်နိုင်ငံမှာ အထက်တန်းကျောင်းသား/သူတွေနဲ့အတူ နိုင်ငံခြားပညာသင်ကြားရေးအစီအစဉ်တစ်ခုကို ဦးဆောင်ပေးနေတာပါ။ အဲဒီကျောင်းသား/သူတွေက အဖေများနေ့မှာ သူ့အတွက် Totoro အိတ်လေး လက်ဆောင်ပေးခဲ့ကြပါတယ်။ ဒါက သူ့အတွက် ပထမဆုံးရခဲ့တဲ့ အဖေများနေ့လက်ဆောင်ပါပဲ။

ဖခင်တစ်ဦးက သားဖြစ်သူ ဘွဲ့ယူတဲ့အချိန်မှာ ဒီဂုဏ်ပြုစာကို မိနစ် ၂၀ အချိန်ယူပြီးရေးခဲ့ရပါတယ်။ သူက ၂၀၀၉ ခုနှစ်မှာ ဦးနှောက်ကင်ဆာခံစားခဲ့ရပြီး ဦးနှောက်ခွဲစိတ်တာ ၃ ကြိမ်နဲ့ ရေဒီယိုဓာတ်ရောင်ခြည်နဲ့ကုသမှုများစွာ ခံယူခဲ့ရတာပါ။ စာရေးတာက ရောဂါရှိတဲ့သူ့အတွက် ခက်ခဲပေမဲ့ သူ့သားအတွက် ဒီစာကို ကြိုးစားရေးခဲ့ပါတယ်။

မင်းသားကြီးအာနိုးက နှစ်အကြာကြီး သူ့သားရဲ့ဆံပင်ညှပ်ဆရာဖြစ်ပေးခဲ့တာပါ။

အခု စာဖတ်ပရိသတ်တွေကို နှလုံးသားထဲက အပြုအမူတွေကဆင့် ချစ်ခြင်းမေတ္တာကို ဖော်ပြကြတဲ့ မိသားစုတွေရဲ့အခိုက်အတန့်ပုံရိပ်တွေကို မျှဝေပေးလိုက်ရပါတယ်။

Ref: Uplifting Family Moments That Truly Speak to the Heart

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top