(၇) လပိုင်း (၁၁) ရက်နေ့၊ (၇) နာရီ (၁၁) မိနစ်မှာ မွေးဖွားလာတဲ့ (၇) ပေါင် (၁၁) အောင်စ ကိုယ်အလေးချိန်ရှိ ကလေးငယ်

s111757874.jpg

ကိန်းဂဏန်းတွေရဲ့တိုက်ဆိုင်မှုကို ယုံကြည်သူတွေအဖို့တော့ လာခြင်းကောင်းတဲ့ကလေးငယ်အဖြစ် ကလေးငယ်လေး ဂျိမ်းဘရောင်း (J’Aime Brown) ကတော့ ကိန်းဂဏန်းတွေရဲ့နိမိတ်အတိုင်း (၇) လပိုင်း (၁၁)ရက်နေ့၊ (၇) နာရီ (၁၁) မိနစ်မှာ မွေးဖွားလာခဲ့ပြီး (၇) ပေါင် (၁၁) အောင်စ ကိုယ်အလေးချိန်ရှိတယ်လို့ သိရပါတယ်။

ဒီလို တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ရပ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြုံခဲ့ရသူကတော့ ကလေးမိခင် လန်းဖို့ဒ်(Langford) ပဲ ဖြစ်ပြီး ပိုပြီထူးခြားတာက သူဟာ ဂျိမ်းကို ကိုယ်ဝန်ဆောင်ထားစဉ်ကာလတစ်လျှောက်လုံးမှာ နာရီကြည့်လိုက်မိတဲ့ အခိုက်အတန့်အများစုဟာလည်း (၇) နာရီ (၁၁) မိနစ်ဖြစ်နေတတ်ပြီး (၇) နဲ့ (၁၁) ဂဏန်းတွေနဲ့ တိုက်ဆိုင်မှုရှိစွာကြုံတွေ့ရတာပဲဖြစ်ပါတယ်။

Ref: CNN ” This baby was born on 7-Eleven Day at 7:11 pm, weighing 7 pounds and 11 ounces ”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top