စားသောက်ကုန်တွေအများကြီးဝယ်လို့ ဝေဖန်ခံနေရတဲ့ အမျိုးသမီးရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်

31-3-2020-yyl-024.jpg

COVID-19 ဖြစ်ပွားနေစဉ်အတွင်းမှာ အစားအစာပြတ်လပ်မှုတွေမရှိစေရဘူးလို့ အစိုးရက ကြေညာထားပေမဲ့လည်း စူပါမားကတ်တွေကနေ တစ်ရှုးတွေ၊ စားသောက်ကုန်တွေ ပြတ်လပ်သွားတဲ့အထိ အလွန်အမင်းဝယ်ယူသူတွေရှိနေတုန်းပါပဲ။ အဲဒီလိုဝယ်ယူတာဟာ အသက်ကြီးတဲ့သူတွေ၊ မသန်းစွမ်းတဲ့သူတွေ၊ ကျန်းမာရေးစောင့်ရှောက်နေတဲ့သူတွေကို မညှာတာသလို ဖြစ်စေပါတယ်။

တချိူ့လူတွေကတော့ ကိုယ့်အတွက်ပဲ မကြည့်ဘဲ အခြားသူတွေကို ငဲ့ညှာပြီး ဝယ်ယူပေးကြပါတယ်။ တစ်ခါတလေကျရင် စားသောက်ကုန်တွေ အများကြီးဝယ်တာကို ကြည့်ပြီး အဲဒီလူဟာ စာနာသနားမှုမရှိဘူး၊ ကိုယ်ချင်းစာတရားမရှိဘူးလို့ ပြောလို့မရပြန်ပါဘူး။ အခုပြောပြပေးမယ့်အကြောင်းအရာကို သိသွားမယ်ဆိုရင် စာဖတ်ပရိသတ်တွေ နားလည်သွားမှာပါ။

မကြာသေးခင်ကမှ စတီဖင်နီ ရိုင်မာ ဝီတိတ်ကာဆိုသူ အမျိုးသမီးဟာ အစားအစာတွေအများကြီးဝယ်တဲ့လူတိုင်းဟာ ကိုယ်ချင်းစာစိတ်မရှိတာ မဟုတ်ဘူးဆိုတာကို ပြသရင်းနဲ့ လူမှုကွန်ယက်မှာ နာမည်ကြီးနေပါတယ်။ အဲဒီအမျိုးသမီးဟာ တစ်နေ့တည်းနဲ့ စားသောက်ကုန်တွေအများကြီး (ဒေါ်လာ၁၁၀၀ဖိုး) ကို ဝယ်ခဲ့တဲ့အတွက် ညှာတာမှုမရှိဘူးလို့ စွပ်စွဲခံခဲ့ရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စွပ်စွဲခံခဲ့ရတာကြောင့် သူ ဘာလို့ အဲဒီလိုဝယ်ခဲ့ရလဲဆိုတဲ့ အကြောင်းအရင်းကို ထုတ်ပြောပြခဲ့ပါတယ်။

တကယ်တော့ သူက ဈေးသွားဝယ်ဖို့ခက်ခဲနေတဲ့သူတွေကို ကူညီပေးတဲ့အနေနဲ့ ကိုယ်စားဝယ်ပေးခဲ့တာပါ။ အဲဒီအကြောင်းနဲ့ပတ်သက်တဲ့ ဖြစ်ရပ်မှန်က ဒီလိုပါ။ သူက ဒေါ်လာ ၁၁၀၀ ဖိုးတန် စားသောက်ကုန်တွေကို နှစ်ဆိုင်ခွဲဝယ်ခဲ့တာပါ။ ဒေါ်လာ ၉၀၀ ဖိုးကို တစ်ဆိုင်၊ ဒေါ်လာ ၂၀၀ ဖိုးကို နောက်တစ်ဆိုင်မှာ ဝယ်ယူခဲ့ပါတယ်။ သူက ပစ္စည်းစင်တွေမှာ ပစ္စည်းပြတ်လပ်အောင်ထိ မဝယ်ခဲ့ပါဘူး။ ပါလာတဲ့စာရင်းစာရွက်ထဲကအတိုင်း ဝယ်ယူခဲ့တာပါ။ အဲဒီစာရင်းစာရွက်က မိသားစု ၆ စုက မှာလိုက်တဲ့အရာတွေဖြစ်ပါတယ်။ မိသားစု ၆ စုဆိုတာက ကလေးငယ်တွေနဲ့ မိသားစု၊ မသန်စွမ်းမိသားစု၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းအဖြစ် လုပ်ကိုင်နေတဲ့ ဆင်ဂယ်မိခင်မိသားစု၊ သူ့ရဲ့မိဘတွေ၊ သူ့ရဲ့အဘိုးအဘွားတွေဖြစ်ပါတယ်။ သူတို့အတွက် ဝယ်ယူပေးပြီး သွားပို့ခဲ့ရတာဖြစ်ပါတယ်။ လူတွေက စတီဖင်နီကို အမြင်နဲ့ပဲ ကြည့်ပြီး စွပ်စွဲပြောဆိုခဲ့ကြတာပါ။

သူ ထုတ်ပြောပြထားတဲ့ပို့စ်က မြန်မြန်ဆန်ဆန်ပဲ လူမှုကွန်ယက်ပေါ် ပျံနှံ့သွာခဲ့ပြီး Like နဲ့ Share တွေအများကြီးရရှိခဲ့ပါတယ်။ စတီဖင်နီရဲ့ ဇာတ်လမ်းလေးက လူအချင်းချင်းအကြင်နာတရားထားတတ်ဖို့နဲ့ ကူညီတတ်ဖို့ ဆိုတဲ့ သင်ခန်းစာရရှိစေမှာဖြစ်ပါတယ်။

Ref: Woman Gets Accused of Being A Hoarder For Buying $1,100 Of Groceries, Explains That She’s Actually Buying For 6 Families

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top