လူမှုကွန်ယက်မှာ ပထမဆုံးတင်ဖြစ်ခဲ့တဲ့ သူနဲ့ချစ်သူကောင်မလေးတို့ရဲ့ဓာတ်ပုံအကြောင်း ထုတ်ပြောလာခဲ့တဲ့ ထိုင်းမင်းသားချော James Jirayu

11-11-2022yyl08.jpg

မြန်မာပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ ထိုင်းမင်းသားတွေထဲမှာ ထိပ်တန်းမင်းသားချော James Jirayu လည်း အပါအဝင်ပါပဲ။ James Jirayu မှာ ချစ်သူကောင်မလေးရှိတယ်ဆိုတာကို တချို့ပရိသတ်တွေက သိကြပေမဲ့ တချို့ကတော့ မသိကြပါဘူး။ သူကိုယ်တိုင်ကလည်း အနုပညာအသိုင်းအဝိုင်းကမဟုတ်တဲ့ သူ့ရဲ့ချစ်သူကောင်မလေးကို လူမှုကွန်ယက်ပေါ်မှာ ထုတ်ပြလေ့မရှိပါဘူး။ မကြာသေးခင်ကမှ သူ့ရဲ့အင်စတာဂရမ်Story မှာ ချစ်သူကောင်မလေး Nong Foam နဲ့နှစ်ယောက်အတူရိုက်ထားတဲ့ ပုံတစ်ပုံကို နိုဝင်ဘာ ၇ ရက်နေ့က တင်ဖြစ်ခဲ့ပါတယ်။

အဲဒီပုံက ဖက်ရှင်ပွဲတစ်ပွဲကို တက်ရောက်ခဲ့တဲ့အချိန်မှာ ရိုက်ခဲ့တာဖြစ်ပြီး James က သူ့ချစ်သူကောင်မလေးရဲ့လက်ကို ကိုင်ပြီး လမ်းလျှောက်လာတဲ့ပုံပါ။ နှစ်ယောက်တွဲဓာတ်ပုံကို လူမှုကွန်ယက်ပေါ်ထုတ်ပြတာ ပထမဆုံးပါပဲ။ သူတို့နှစ်ယောက်က ချစ်သူသက်တမ်း (၄) နှစ်ရှိပါပြီ။ အဲဒီပွဲကို James က သူ့ကောင်မလေးအပြင် သူ့ရဲ့အနုပညာရှင်သူငယ်ချင်းတွေနဲ့လည်း တက်ရောက်ခဲ့တာပါ။ အနုပညာရှင်သူငယ်ချင်းတွေနဲ့အတူ ရိုက်ထားတဲ့ အဖွဲ့လိုက်ပုံမှာလည်း သူ့ရဲ့ချစ်သူကောင်မလေးကို မြင်တွေ့ရပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့က James Jirayu ဟာ “OMEGA Her Time” ပွဲကို တက်ရောက်တော့ သတင်းထောက်တွေကို သူ ရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲတွေအကြောင်းနဲ့ သူ့နဲ့သူ့ချစ်သူကောင်မလေးတို့ရဲ့ဓာတ်ပုံအကြောင်း အင်တာဗျူးဖြေကြားခဲ့ပါတယ်။ သူ့ကောင်မလေးနဲ့ဓာတ်ပုံအကြောင်းပြောတော့ James က အင်စတာဂရမ်မှာ တင်ဖြစ်ခဲ့တဲ့ သူ့ရဲ့ပထမဆုံးနှစ်ယောက်တွဲပုံဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အဲဒီပုံလေးက ချစ်စရာကောင်းတဲ့အတွက် အင်စတာဂရမ်မှာ တင်ဖြစ်ခဲ့တာဖြစ်ပြီး ဒီဓာတ်ပုံမတင်ခင် သူ့ကောင်မလေးကိုလည်း တင်မယ်ဆိုတာ ပြောခဲ့ပါတယ်တဲ့။ နောက်ထပ်နှစ်ယောက်တွဲပုံတွေ မြင်ရဦးမှာလားလို့ မေးတော့ အခြေအနေဲ့အချိန်အခါပေါ်မူတည်တယ်လို့ ဖြေသွားခဲ့ပါတယ်။

James က ဇာတ်လမ်းတွဲအသစ် (၂) ကားကို ရိုက်ကူးနေပြီး နောက်နှစ်အစောပိုင်းမှာ သူ့ရဲ့ဇာတ်လမ်းတွဲ “To The Moon and Back” ကို ကြည့်ရှုရမှာဖြစ်ပါတယ်။ “We and Us” အမည်ရတဲ့ ဇာတ်လမ်းတွဲကတော့ ၂၀၂၃ ခုနှစ်ကုန်လောက်မှာ ထုတ်လုပ်ပြသဖို့ မျှော်လင့်ရပါတယ်။James Jirayu က ထိုင်းနိုင်ငံရဲ့နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်ပြီး သစ္စာရှင်ဇနီးသည် (Padiwaradda)၊ မင်းတစ်ယောက်သာ (Neung Nsi Seung)၊ ဘဝအဆက်ဆက်ထုံးဖွဲ့မယ့်ချစ်ခြင်း (Leh Bupakarn)၊ ငန်းဖြူမလေးရဲ့ချစ်ပုံပြင် (Buang Hong)၊ အချစ်မိုးတွေရွာပေးပါ (Game Sanaeha)၊ အချစ်ဝှက်အကြားမြင်ဆရာမလေး (Payakorn Sorn Ruk)၊ အနှိုင်းမဲ့ချစ်မေတ္တာ(Karat Ruk)၊ သေစေနိုင်သောအချစ်ဂိမ်း (The Deadly Affair) အစရှိတဲ့ လူကြိုက်များတဲ့ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ထားပါတယ်။

Ref: ThaiUpdate “James Jirayu gives updates about his new projects and talks about a sweet photo of him with his girlfriend”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top