ကမ္ဘာ့အရပ်အရှည်ဆုံးအမျိုးသမီးအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့သူ

15-10-2021yyl01.jpg

ရူမေဆာ ဂယ်လ်ဂျီ (Rumeysa Gelgi) ဆိုတဲ့ အသက် ၂၄ နှစ်အရွယ် မိန်းကလေးက အရပ် ၂ မီတာ ၁၅ စင်တီမီတာ (၇ ပေ၊ ၀.၇ လက်မ) ရှိတဲ့အတွက် အမြဲထင်ပေါ်နေခဲ့တာပါ။ အခုဆိုရင် ကမ္ဘာ့အရပ်အရှည်ဆုံးအမျိုးသမီးအဖြစ် တရားဝင်အသိအမှတ်ပြုခံခဲ့ရပါတယ်။ ရူမေဆာကို ကမ္ဘာ့အရပ်အရှည်ဆုံးသက်ရှိအမျိုးသမီးအဖြစ် ဂင်းနစ်မှတ်တမ်းက အခုအပတ်မှာ အတည်ပြုပေးခဲ့တာပါ။ သူဟာ Weaver Syndrome လို့ခေါ်တဲ့ ကြီးထွားနှုန်းမြန်စေတဲ့ ရှားပါးမျိုးရိုးဗီဇရောဂါနဲ့ မွေးဖွားလာခဲ့တာပါ။

“အခြားသူတွေနဲ့ ကွဲပြားနေတာက သင် ထင်သလောက်မဆိုးဘူး။ အဲဒါက သင့်ကို မမျှော်လင့်ထားတဲ့အောင်မြင်မှုတွေကို ယူဆောင်ပေးနိုင်ပါတယ်”လို့ ရူမေဆာက သတင်းထောက်ကို ဂုဏ်ယူစွာနဲ့ ပြောကြားခဲ့ပါတယ်။ ဒီဂင်းနစ်မှတ်တမ်းက သူ့အတွက် ဒုတိယမြောက်မှတ်တမ်းဖြစ်ပါတယ်။ ၂၀၁၄ခုနှစ် အသက် ၁၈ နှစ်အရွယ်တုန်းကလည်း ရူမေဆာက ကမ္ဘာ့အရပ်အရှည်ဆုံးသက်ရှိဆယ်ကျော်သက်မိန်းကလေးအဖြစ် အသိအမှတ်ပြုခံခဲ့ရပါသေးတယ်။

ရွေ့လျားဖို့နဲ့ မတ်တပ်ရပ်ဖို့အတွက် ဝှီးချဲ (သို့) မတ်တပ်ရပ်ထောက်တိုင်တို့ကို မှီခိုနေရတဲ့ ရူမေဆာက Weaver Syndrome လို ရှားပါးမျိုးရိုးဗီဇရောဂါအကြောင်း အသိပညာတွေ မျှဝေပေးဖို့အတွက် ဒီဂင်းနစ်မှတ်တမ်းကို အသုံးပြုဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ “အားနည်းချက်လို့ထင်တဲ့ကွဲပြားခြားနားမှုတွေနဲ့အခြားအင်္ဂါရပ်တွေကို သင် လိုချင်ရင် အဲဒါကိုအားသာချက်အဖြစ်ပြောင်းပြီး အဲဒါကိုရအောင်ကြိုးစားလို့ရတယ်လို့ ကျွန်မထင်တယ်။ အဲဒါ ကျွန်မ လုပ်ခဲ့တဲ့အတိုင်းပါပဲ”လို့ ရူမေဆာက ပြောပါတယ်။

ကမ္ဘာ့အရပ်အရှည်ဆုံးအမျိုးသားကတော့ ၂၀၁၈ခုနှစ်က အရပ်် ၂ မီတာ ၅၁ စင်တီမီတာ (၈ ပေ ၂.၈ လက်မ) ရှိတဲ့ တူရကီနိုင်ငံက ဆူတန် ကိုဆန် (Sultan Kosen) ပါ။ ရူမေဆာကတော့ ဆူတန် ကိုဆန်ကို တစ်နေ့ လူချင်းတွေ့ဆုံရဖို့ မျှော်လင့်နေပါတယ်။

Ref: Reuters “World’s tallest woman says it’s OK to stand out”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top