အီဂျစ်သဲကန္တာရထဲက စွန့်ပစ်ပလတ်စတစ် ပိရမစ်

11-11-2022yyl10.jpg

အီဂျစ်နိုင်ငံ အနောက်ပိုင်းသဲကန္တာရမှာ ပိရမစ်တစ်ခု ထွက်ပေါ်လာပြန်ပါပြီ။ ရှေးဟောင်းပိရမစ်တော့ မဟုတ်ပါဘူး။ နိုင်းမြစ်ထဲက ဆယ်ထားတဲ့ ပလတ်စတစ် ရေသန့်ဘူး ၁ သန်းကျော်ကို သုံးပြီး ဆောက်လုပ်ထားတဲ့ ပိရမစ်ကြီးပါ။ ပလတ်စတစ် ညစ်ညမ်းမှုကို ပိုသတိထားမိလာအောင် ရည်ရွယ်တဲ့ ဒီပိရမစ်ဟာ ၃ ထပ်တိုက်ထက် ပိုမြင့်ပြီး အလေးချိန် တန် ၂၀ လေးလံပါတယ်။

လာမယ့် နှစ် ၁၀၀ အတွင်း ပလတ်စတစ် သန့်ရှင်းမှုလုပ်ဖို့ ရန်ပုံငွေရှာဖွေရေး ရည်ရွယ်တဲ့ ဒီအစီအစဉ်ကို 100YR CLEANUP ကို အမည်ပေးထားပြီး Zero Co စွန့်ပစ်အမှိုက် ကင်းစင်ရေးအဖွဲ့နဲ့ The Hidden Sea ဝိုင်လုပ်ငန်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။ စွန့်ပစ်ပလတ်စတစ် ပိရမစ်ကို တည်ဆောက်ဖို့ အချိန် ၅ ရက် ကြာမြင့်ပါတယ်။

Zero Co နဲ့ The Hidden Sea တို့ဟာ လာမယ့် ၁၂ လအတွင်း 100YR CLEANUP စီမံကိန်းအတွက် ရန်ပုံငွေ ဒေါ်လာ ၁ သန်း ရရှိဖို့ လျာထားပြီး စွန့်ပစ်အမှိုက်အနေနဲ့ ပလတ်စတစ် ရေသန့်ဘူး ၁၅ သန်း ဖယ်ရှားပေးဖို့ ရည်ရွယ်ထားပါတယ်။

Ref: Pyramid Made of 20 Tons of Plastic From Nile River Sparks Plan to Fund Massive Clean-ups

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top