ဂျပန်လေဆိပ်မှာ လေယာဉ်နှစ်စင်း တိုက်မိပြီး ခရီးသည်တင်လေယာဉ် မီးလောင်၊ လူ ၅ ဦး သေဆုံး

3.1.24-yyl-3.jpg

လူ ၃၇၉ ဦး လိုက်ပါလာတဲ့ ဂျပန်ခရီးသည်တင်လေယာဉ်တစ်စင်းဟာ တိုကျိုနိုင်ငံတကာလေဆိပ် (ဟာနဲဒါလေဆိပ်)ကို ဆင်းသက်ချိန်မှာ မီးလောင်ခဲ့ပါတယ်။ ဟော့ကိုင်းဒိုးကနေ ထွက်ခွာလာတဲ့ လေကြောင်းအမှတ် JL516 လေယာဉ်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၇ မိနစ်အချိန်က တိုကျိုနိုင်ငံတကာလေဆိပ်ကို ဆင်းသက်ခဲ့ရာမှာ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ လေယာဉ်နဲ့ တိုက်မိခဲ့ဖွယ်ရှိတယ်လို့ အစောပိုင်း စုံစမ်းစစ်ဆေးမှုတွေမှာ ဖော်ပြထားပါတယ်။

ခရီးသည်တင်လေယာဉ်ပေါ် လိုက်ပါလာသူ ၃၇၉ ဦးလုံး ဘေးကင်းခဲ့ပေမဲ့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့လေယာဉ်ပေါ်မှာ ရှိနေသူ ၆ ဦးအနက် ၅ ဦး သေဆုံးခဲ့တယ်လို့ ဂျပန်အာဏာပိုင်တွေက ပြောပါတယ်။ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ လေယာဉ်ဟာ ငလျင်ဘေးသင့်ဒေသမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ နီဂါတာမြို့ကို ပျံသန်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

လေယာဉ်မီးလောင်မှုကို မီးသတ်ကားအစီး ၇၀ အထိ လာရောက်ငြှိမ်းသတ်ခဲ့ရသလို ၂ နာရီကြာမြင့်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ မီးလောင်ခဲ့တဲ့ ခရီးသည်တင်လေယာဉ်ဟာ Airbus A350 လေယာဉ်အမျိုးအစားဖြစ်တယ်လို့ လေကြောင်းလိုင်းစောင့်ကြည့်ရေး FlightAware ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

Ref:Japan Airlines plane bursts into flames at Tokyo airport with 379 people on board

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top