ထိပ်တန်းနည်းပညာတွေကို ပေါင်းစပ်ထားတဲ့ Vivo ရဲ့ ပထမဆုံးခေါက်ဖုန်း

29-4-2022-yyl-05.jpg

မကြာသေးခင်မှာ vivo က ခေါက်ပြီး အသုံးပြုလို့ရတဲ့ vivo X Fold ကို ကမ္ဘာ့ဈေးကွက်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ ထိပ်တန်းနည်းပညာတွေကို ပေါင်းစပ်ထားလို့ Screen Crease နဲ့ Hinge Durability ပိုကောင်းပြီး ဆန်းသစ်တီထွင်ထားတဲ့ မျက်နှာပြင်နည်းပညာ၊ Chip Performance၊ ဘက်ထရီသက်တမ်းနှင့် ကင်မရာစနစ် ပါဝင်လို့ စမတ်ဖုန်းတွေရဲ့ ခေတ်သစ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

vivo X Fold ရဲ့ အတွင်း၊ အပြင် Screen နှစ်ခုစလုံးမှာ ထိပ်တန်း Display နည်းပညာကို တပ်ဆင်ထားပြီး အတွင်းပိုင်း ခေါက်နိုင်သော screen(8.03-လက်မ) ၊ 6.53-လက်မ မျက်နှာပြင် အပါအဝင် အချိုး 21:9 ဖြစ်ပါတယ်။ အပြင်ဘက် Screen က အနည်းငယ်ကွေးပြီး ထူးခြားတဲ့ မျက်နှာပြင်အရည်အသွေး၊ ထိပ်တန်း Display စွမ်းဆောင်ရည်တွေကြောင့် DisplayMate A+ အဆင့်လက်မှတ်ရရှိတဲ့ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်းပါ။ မျက်နှာပြင်ဟာ 120Hz Refresh Rate နဲ့ E5 Luminescent Material ကို အသုံးပြုထားပြီး အတွင်း၊ အပြင်ဘက်မျက်နှာပြင်နှစ်ခုလုံးမှာ ပိုမိုတောက်ပ၊ ချောမွေ့မှု၊ အရောင်ညီညာမှုနှင့် Visual ရှင်းလင်းမှုတို့ကို ရရှိမှာပါ။

မျက်နှာပြင်နှစ်ခုစလုံးမှာ 3D Ultrasonic Dual Fingerprint Sensors ပါတဲ့ ကမ္ဘာ့ပထမဆုံး ခေါက်ဖုန်းဲဖစ်ပါတယ်။ 3D Ultrasonic Dual Fingerprint Sensors နည်းပညာဟာ 100% နီးပါး 3D အချက်အလက် မှန်ကန်စွာ မှတ်သားနိုင်ပြီး ပုံမှန်သုံးနေကြ Photoelectric လက်ဗွေရာ Sensor တွေထက် Unlock နှုန်းကို 38.7% မြှင့်တင်ပေးထားပါတယ်။

Triple Performance Engine တပ်ဆင်ထားလို့ Device လည်ပတ်မှု ချောမွေ့စေပြီး ပါဝါပိုချွေတာနိုင်ပါတယ်။ ပါးလွှာတဲ့ဒီဇိုင်းမှာ 4600mAh ဘက်ထရီ ထည့်သွင်းထားပြီး 66W Dual-Cell FlashCharge၊ 50W ကြိုးမဲ့ FlashCharge 53 မိနစ်အတွင်း 100% နဲ့ 10W ကြိုးမဲ့ပြောင်းပြန်အားသွင်းစနစ်တို့ပါဝင်ပါတယ်။ Chip၊ Core၊ Framework နဲ့ Application တွေမှာ Thousand Mirror Security စနစ် ကနေ Privacy ကို ဘက်စုံကာကွယ်ထားလို့ လုပ်ဆောင်မှုတိုင်းရဲ့ လုံခြုံရေးကိုလည်း အာမခံပေးနိုင်ပါတယ်။

ဓာတ်ပုံရိုက်တဲ့နေရာမှာလည်း ZEISS Portrait Effects တွေဖြစ်တဲ့ ZEISS Natural Color, ZEISS Superb Night Camera နဲ့ ZEISS Superb Portrait တို့ပါဝင်တဲ့ ZEISS Quad Camera ဟာ lens performance ကောင်းပြီး အလင်းနဲ့ အရိပ်ကိုသေချာချိန်ဆပေးလို့ ကြည်လင်ပြတ်သားမှုမြင့်မားပါတယ်။ ခေါက်ဖုန်းရဲ့ မျက်နှာပြင်နှစ်ခုလုံးမှာ ဓာတ်ပုံ Preview ကြည့်ရှုနိုင်မှာဖြစ်ပြီး ဓာတ်ပုံမရိုက်ခင် ကိုယ်ဟန်အနေထားနဲ့ မျက်နှာအနေထားကို စိတ်ကြိုက်ချိန်ဆနိုင်မှာပါ။

vivo X Fold ရှိ Multi-Dimensional Hinge ဟာ TÜV Rheinland စမ်းသပ်မှုအရကွေးညွှတ်မှု အကြိမ်‌ရေ 300,000 ကို ခံနိုင်ရည်ရှိပြီး အကြိမ်ရေ 300000 ကျော်လွန်သွားပြီးနောက်မှာလည်း ခေါက်ချိူးမှု ကောင်းမွန်နေဆဲဖြစ်တာတွေ့ရပါတယ်။ vivo X Fold Hinge ကို အစိတ်အပိုင်း 174 ခုဖြင့် ပြုလုပ်ထားပြီး၊ Zirconium Alloys နှင့် FS53 Aviation-level High Strength Steel ကဲ့သို့သော ပစ္စည်းတွေကို အသုံးပြုထားလို့ ချောမွေ့မှု၊ ခိုင်ခံ့မှုနှင့် တုန်လှုပ်မှုဒဏ်တို့ကို ခံနိုင်ရည်ရှိပါတယ်။

Vivo X Fold ဟာ မျက်နှာပြင် ခေါက်ချိုးမှုကို ပိုကောင်းစေဖို့အတွက် ရေပေါ်အပြားဒီဇိုင်း နည်းပညာ၊ ခံနိုင်ရည်မြင့်မားတဲ့ Ultra-Thin Glass (UTG) ကို ထူးခြားတဲ့ နည်းပညာတွေနဲ့ ပေါင်းစပ်ထားလို့ ခေါက်ဖုန်းတွေမှာ အဖြစ်များတဲ့ ဖောင်းပွခြင်း ပြဿနာကိုလည်း ဖယ်ရှားပေးပြီးသား ဖြစ်ပါတယ်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top