သူ ပေါက်ခဲ့တဲ့ ထီဆုငွေကို အစ်ကိုဖြစ်သူနဲ့ပါ ခွဲဝေယူခဲ့တဲ့ အမျိုးသား

5.1.24-yyl-7.jpg

ဗာဂျီးနီးယားက ညီအစ်ကိုနှစ်ဦးက ထီဆုကြီးပိုင်ဆိုင်ခဲ့ရပါတယ်။ တင်မ် ကွန်ဝဲလ်က Cash 5 ထီကို ပေါက်ခဲ့တာဖြစ်ပေမဲ့ ထီဆုငွေ ဒေါ်လာ ၂၃၀၀၀၀၀ ကို အစ်ကိုဖြစ်သူ စတိဗ်နဲ့ ခွဲဝေယူခဲ့ပါတယ်။

တင်မ်က ပေါက်မဲထီလက်မှတ်ကို Virginia Hillbilly Market ကနေ ဝယ်ယူခဲ့တာပါ။ သူ့ရဲ့ပေါက်မဲလက်မှတ်နံပါတ်တွေက 3, 8, 10, 12, နဲ့ 26 ဖြစ်ပြီး သူ့မိသားစုရဲ့မွေးနေ့ရက်စွဲ၊ အရေးကြီးတဲ့ရက်စွဲတွေကို အခြေခံပြီး ရွေးဝယ်ခဲ့တာပါ။

သူ ထီပေါက်တယ်ဆိုတာ သိတော့ ဝမ်းသာလွန်းလို့ သူ့အစ်ကို အိပ်ရာနိုးလာတဲ့အထိ မစောင့်နိုင်ခဲ့ဘူးလို့ တင်မ်က ဆိုပါတယ်။ ထီဆုငွေတွေကို အညီအမျှခွဲယူမယ်ဆိုတာက သူတို့ညီအစ်ကိုနှစ်ယောက်ကတိပြုထားခဲ့တဲ့အရာပါပဲ။ နှစ်ယောက်ထဲက ဘယ်သူပဲ ထီပေါက်ပေါက် ခွဲယူရမယ်လို့ အမြဲပြောခဲ့ကြတာပါ။

Cash 5 ပေါက်မဲထီနဲ့ ဂဏန်း ၅ လုံးကိုက်ညီဖို့အခွင့်အလမ်းက ၇၄၉၃၉၈ မှာ ၁ ကြိမ်ပါပဲ။

Ref: Man Wins $230K Lottery Prize and Honors Pact to Share Money with Brother: ‘We’ll Split It’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top