နှင်းမုန်တိုင်းကြောင့် ဂျပန်နိုင်ငံ အဝေးပြေးလမ်းပေါ်မှာ ကားအစီးရေ ၁၀၀၀ ကျော် ၂ ရက်ကြာ ပိတ်မိနေ

18-12-2020-yyl32.jpg

ဂျပန်နိုင်ငံမှာ နှင်းမုန်တိုင်း အပြင်းအထန် တိုက်ခတ်ခဲ့လို့ အဝေးပြေးလမ်းပေါ်မှာ ကားအစီးရေ ၁၀၀၀ ကျော် ၂ ရက်ကြာ ပိတ်မိနေပါတယ်။ တိုကျိုမြို့နဲ့ နီအီဂါတာမြို့ကို ဆက်သွယ်ပေးထားတဲ့ ခန်း-အက်စု အဝေးပြေးလမ်း (Kan-etsu Expressway) ပေါ်မှာ ပိတ်မိနေတဲ့ ကားသမားတွေအတွက် အာဏာပိုင်တွေက စားစရာ၊ လောင်စာဆီနဲ့ စောင်တွေ ဝေငှပေးခဲ့ပါတယ်။

ခန်း-အက်စု အဝေးပြေးလမ်ရဲ့ နေရာတော်တော်များများမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေပြီး ပိတ်ဆို့မှုတစ်ခုမှာ ယာဉ်တန်းက ၁၀ မိုင်အထိ ရှည်လျားခဲ့တယ်လို့ ကျိုဒိုသတင်းဌာနက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညက နောက်တွဲယာဉ်တစ်စီး နှင်းတောထဲ ပိတ်မိခဲ့ရာကနေ ယာဉ်ကြောပိတ်ဆို့မှုတွေ စတင်ခဲ့တာပါ။

အရာရှိတွေက စက်ကိရိယာကြီးတွေနဲ့ လုပ်သားအင်အား အသုံးပြုပြီး ကားတွေကို တစ်စီးချင်းစီ ဖယ်ရှားပေးနေပေမဲ့ သောကြာနေ့ မွန်းလွဲပိုင်းအထိ အဝေးပြေးလမ်းပေါ်မှာ ယာဉ်အစီး ၁၀၀၀ လောက် ကျန်ရှိနေပါသေးတယ်။

Ref: BBC ” Japan: Snow traps 1,000 drivers in frozen traffic jam”
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top