ဂျိုးဂျိုနာနဲ့ စေ့စပ်သွားခဲ့တဲ့ Game of Thrones မင်းသမီး ဆိုဖီတာနာ

sophie-turner-and-joe-jonas.jpg

၂၀၁၆ ခုနှစ်ကတည်းက တွဲနေခဲ့တဲ့ Game of Thrones ဗြိတိန်မင်းသမီး ဆိုဖီတာနာနဲ့ အမေရိကန် အဆိုတော် ဂျိုးဂျိုနာတို့ဟာ Instagram မှတဆင့် စေ့စပ်ကြောင်း ကြေညာခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ စေ့စပ်တဲ့သတင်းကို Instagram မှာ ဓာတ်ပုံတင်ကာ ကြေညာခဲ့တာဖြစ်ပြီး စိတ်ကူးယဉ် ဇာတ်လမ်းတွဲ Game of Thrones မှာ ဆန်ဆာစတာခ်အဖြစ် သရုပ်ဆောင်ခဲ့သူ တာနာကတော့ “ကျွန်မ သူ့ကိုလက်ခံခဲ့တယ်” လို့ စာတန်းရေးကာ စေ့စပ်လက်စွပ် ဓာတ်ပုံ ကိုတင်ခဲ့ပါတယ်။

View this post on Instagram

I said yes.

A post shared by Sophie Turner (@sophiet) on

ဂျိုနာရဲ့ ညီဖြစ်သူ နစ်ဂျိုနာကလည်း Twitter မှာ “ကျွန်တော်ရဲ့ အစ်ကိုနဲ့ မရီးလောင်းတို့ရဲ့ စေ့စပ်ပွဲအတွက် ဂုဏ်ပြုပါတယ်။ နှစ်ယောက်လုံးကို အရမ်းချစ်တယ်” ဆိုပြီး ဂုဏ်ပြု ရေးသားခဲ့ပါတယ်။

ဂျိုးဂျိုနာဟာ အမေရိကန် Jonas Brothers Band မှ ပင်တိုင်အဆိုတော် ဖြစ်ပြီး ဒီ Band ထဲမှာ သူအပြင် သူ့ရဲ့ ညီအစ်ကိုတွေဖြစ်တဲ့ နစ်ဂျိုနာနဲ့ ကယ်ဗင်ဂျိုနာတို့လည်း ပါဝင်ပါသေးတယ်။ လက်ရှိအချိန်မှာတော့ ဂျိုးဂျိုနာက ၂၈ နှစ်အရွယ်ရှိနေပြီး ဆိုဖီတာနာကတော့ ၂၁ နှစ်သာ ရှိပါသေးတယ်။ ဂျိုနာနဲ့ လက်ထပ်ပွဲကို နှစ်ဖက်အသိုင်းအဝိုင်းမှ လူများက ဂုဏ်ပြုခဲ့ကြပြီး GOT ဇာတ်လမ်းမှာ တာနာရဲ့ ညီမအဖြစ်သရုပ်ဆောင်သူ မေဆီ ဝီလီယမ်ကလည်း Instagram မှာ ဝင်ရောက် ဂုဏ်ပြုခဲ့ပါသေးတယ်။

Ref : ABC News : Game of Thrones actress Sophie Turner to marry

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top