ကမ္ဘာ့ဂင်းနစ်စ်စံချိန်မှတ်တမ်းရရှိပြီး (၂) ပတ်အကြာမှာ သေဆုံးသွားခဲ့တဲ့ ကမ္ဘာ့အသက်အရှည်ဆုံးအမျိုးသား

yyl-001-9.jpg

ဖေဖော်ဝါရီလအစောပိုင်းမှာ ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးအသားအဖြစ် ဂင်းနစ်စ်စံချိန်မှတ်တမ်းနဲ့ အသိအမှတ်ပြုခံခဲ့ရတဲ့ အသက် ၁၁၂ နှစ်အရွယ် ဂျပန်လူမျိုးအဘိုးအို ချီတပ်စု ဝါတနာဘီဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သေဆုံးသွားခဲ့ပါတယ်။ သူဟာ သူနေထိုင်ရာ ဘိုးဘွားရိပ်သာမှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သူ့မိသားစုကနေသိရပါတယ်။ အဘိုးချီတပ်ဆုရဲ့နာရေးကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

အဘိုးကို ၁၉၀၇ခုနှစ် မတ်လ ၅ ရက်နေ့မှာ မွေးဖွားခဲ့ပြီး မွေးချင်းလေးယောက်မှာ အကြီးဆုံးဖြစ်ပါတယ်။ သူက အခုလအစောပိုင်း ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အသက်အရှည်ဆုံးနေနိုင်တဲ့အတွက် သူ့ကို ကမ္ဘာ့ဂင်းနစ်စ်စံချိန်မှတ်တမ်းကို ဘိုးဘွားရိပ်သာမှာ တရားဝင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ မှတ်တမ်းပေးအပ်တဲ့အချိန်တုန်းက အဘိုးရဲ့အပြုံးတွေကို မြင်တွေ့ခဲ့ရပါတယ်။ အဘိုးဟာ ဂင်းနစ်စ်စံချိန် မှတ်တမ်းရရှိပြီးနောက် မကြာခင်မှာ နေမကောင်းဖြစ်ခဲ့ပြီး ဘာမှမစားနိုင်ခဲ့ဘူးလို့ သူ့သားအကြီးဆုံးရဲ့ဇနီးက ပြောပါတယ်။

စနေနေ့ နေ့လည်က သွားလည်တဲ့အခါမှာ အားတင်းထားပါလို့ ပြောခဲ့တဲ့အခါမှာ သူ့ရဲ့မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ပြီး ခေါင်းညိတ်ပြခဲ့တယ်လို့ သားအကြီးဆုံးရဲ့ဇနီးကဆိုပါတယ်။ အဘိုးချီတပ်ဆုဟာ ၂၀၁၉ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ အသက် ၁၁၃ နှစ်အရွယ်မာဆာဇို နိုနာကာ သေဆုံးသွားခဲ့ပြီးတဲ့နောက်မှာ ကမ္ဘာအသက်အရှည်ဆုံး အမျိုးသားအဖြစ် အသိအမှတ်ပြုခံခဲ့ရတာဖြစ်ပါတယ်။

အဘိုးက လယ်သမားမိသားစုကနေမွေးဖွားလာခဲ့ပြီး အသက် ၂၀ အရွယ်မှာ ထိုင်ဝမ်ကိုပြောင်းရွေ့ခဲ့ကာ ၁၈ နှစ်ကြာအောင်နေထိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့အချိန်မှာ ဂျပန်ကိုပြန်လာခဲ့ပါတယ်။ အဘိုးမှာ သားသမီး ၅ ဦး၊ မြေး ၁၂ ဦး၊ မြစ် ၁၆ ဦး၊ တီ ၁ ဦးတို့ရှိပါတယ်။

Ref: Japanese man, 112, dies 2 weeks after being recognised as world’s oldest living man

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply