ဆယ်ကျော်သက်လူငယ်ရဲ့အလောင်းကို ခြင်္သေ့လှောင်အိမ်ထဲကနေ ပြန်တွေ့

yyl-005-14.jpg

တစ်ရက်ကြာ ပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက်လူငယ်ရဲ့ ရုပ်အလောင်းကို လာဟိုရီမြို့ တိရစ္ဆာန်ရုံရဲ့ ခြင်္သေ့လှောင်အိမ်ထဲကနေ ပြန်တွေ့ခဲ့ပါတယ်။ အသက် ၁၇ နှစ်ရှိတဲ့ မူဟမ်မက်ဘီလားဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ နေ့လယ်ပိုင်းက နွားစာကျွေးဖို့ မြက်သွားရိတ်မယ်ဆိုပြီး အိမ်က ထွက်သွားခဲ့သူပါ။ ဘီလားရဲ့ ဆွေမျိုးတွေက အင်္ဂါနေ့ညမှာ တိရစ္ဆာန်ရုံထဲ ဝင်ရှာဖို့ ခွင့်တောင်းခဲ့ပေမဲ့ ညအမှောင်ထဲမှာ ရှာဖွေရင် အန္တရာယ်များလွန်းတဲ့အတွက် တိရစ္ဆာန်ရုံဒါရိုက်တာရှာဖက်က ခွင့်မပြုခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှာတော့ တိရစ္ဆာန်ရုံဝန်ထမ်းတွေက သွေးအလိမ်းလိမ်းဖြစ်နေတဲ့ ဦးခေါင်းခွံ၊ အရိုးတချို့နဲ့ အဝတ်အစား အပိုင်းအစတချို့ တွေ့ခဲ့ပါတယ်။ ဒါက ဘီလားရဲ့ အဝတ်အစားပဲလို့ သူ့ဆွေမျိုးတွေက ဆိုပါတယ်။ ဘီလားက ခြံစည်းရိုးကို ဘယ်လိုကျော်တက်ခဲ့သလဲဆိုတာနဲ့ ဘာကြောင့် သေဆုံးခဲ့တာလဲဆိုတာကို အရာရှိတွေက စုံစမ်းစစ်ဆေးနေပါတယ်။ ဘီလား သေဆုံးရတဲ့ အကြောင်းရင်းကို အတည်ပြုနိုင်အောင် စစ်ဆေးမှုတွေလုပ်နေပါတယ်။ ၁၉၈၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ လာဟိုရီဆာဖာရီဟာ ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးနဲ့ သက်တမ်းအရင့်ဆုံး တိရစ္ဆာန်ဥယျာဉ်ဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top