Covid-19 ကူးစက်ပျံ့နှံ့မှု အရှိန်လျှော့ချနိုင်ဖို့ ကြိုးစားနေတဲ့ ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို ကျောင်းပိတ်ခွင့်၊ လူစုလူဝေးမလုပ်အောင် တားဆီးခွင့်၊ ဆေးဝါးပစ္စည်းတွေ ပေးအပ်ခွင့်ပြုနိုင်မယ့် ဥပဒေကြမ်းကို ဂျပန်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ ဂျပန်လွှတ်တော်က အတည်ပြုခဲ့တဲ့ ဥပဒေကြမ်းဟာ ၂၀၁၂ ခုနှစ်ဥပဒေကို ပြင်ဆင်ရေးဆွဲခဲ့တာပါ။ ၂၀၀၉ ခုနှစ်က ကမ္ဘာတစ်ဝန်းမှာ H1N1 ကူးစက်ပျံ့နှံ့ပြီးနောက် ဂျပန်နိုင်ငံက အဲဒီဥပဒေကို ရေးဆွဲခဲ့တာဖြစ်ပါတယ်။
လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ဥပဒေအရ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအနေနဲ့ လုပ်ပိုင်ခွင့်အာဏာသစ်တွေကို အသုံးပြုပြီး အရေးပေါ်အခြေအနေ ကြေညာနိုင်မှာဖြစ်ပါတယ်။ ရှင်ဇိုအာဘေးဟာ ဂျပန်နိုင်ငံမှာ စာသင်ကျောင်းတွေပိတ်ဖို့၊ လူတော်တော်များများ ပါဝင်ဆင်နွှဲကြမယ့် အခမ်းအနားတွေကို ပယ်ဖျက်ဖို့ တောင်းဆိုခဲ့ပေမဲ့ သူ့မှာ လုပ်ပိုင်ခွင့်အာဏာမရှိလို့ အခက်တွေ့ခဲ့ပါတယ်။ အပျော်စီးသင်္ဘောပေါ်က လူ ၆၉၇ ယောက်အပါအဝင် ဂျပန်နိုင်ငံမှာ လူ ၁၄၀၀ နီးပါး Covid-19 ကူးစက်ခံထားရပြီး ၂၆ ယောက် သေဆုံးခဲ့ပါတယ်။
Nz (ရိုးရာလေး)