၇ နှစ်အရွယ် မိန်းကလေးငယ် အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံရပြီး ၂ နှစ်အကြာမှာ ပါကစ္စတန်လွှတ်တော်က ကလေးသူငယ်အနိုင်ကျင့်မှုဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြု

13-3-2020-yyl-017.jpg

၇ နှစ်အရွယ် မိန်းကလေးငယ် အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံရပြီးနောက် နှစ်နှစ်အကြာမှာတော့ ကလေးသူငယ် အနိုင်ကျင့်စော်ကားမှုဆိုင်ရာ ဥပဒေကြမ်းကို ပါကစ္စတန်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်က အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံရတဲ့ မိန်းကလေးငယ် ဇိုင်နက်အန်ဆာရီကို အစွဲပြုပြီး အဲဒီဥပဒေကြမ်းကို ဇိုင်နက် သတိပေးရေး၊ တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေး ဥပဒေကြမ်းလို့ အမည်ပေးထားပါတယ်။ အဲဒီဥပဒေကြမ်းမှာ ကလေးသူငယ်တွေ ပျောက်ဆုံးသွားရင် မြန်မြန်ဆန်ဆန် ရှာဖွေပေးမယ့် အေဂျင်စီတစ်ခု ထူထောင်ဖို့ အဆိုပြုထားပါတယ်။ ဇိုင်နက် အသတ်ခံရတဲ့ဖြစ်ရ့်ကြောင့် ပါကစ္စတန်နိုင်ငံမှာ နာကြည်းခံပြင်းမှုတွေ၊ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး အဓိကရုဏ်းဖြစ်ပွားခဲ့လို့ အနည်းဆုံး လူနှစ်ယောက် သေဆုံးခဲ့ပါတယ်။

ဇိုင်နက်ကို သတ်ဖြတ်ခဲ့တဲ့ အမျိုးသားဟာ တခြားမိန်းကလေးငယ် ၆ ယောက်ကိုလည်း အလားတူပြစ်မှုတွေ ကျူးလွန်ခဲ့ပါတယ်။ သူ့ကို သေဒဏ်ချမှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်နှောင်းပိုင်းမှာ ကွပ်မျက်ခဲ့ပါတယ်။ ဇိုင်နက် သတိပေးရေး၊ တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေး ဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်ပြုထားပြီးဖြစ်လို့ သမ္မတက တရားဝင်သဘောတူ လက်မှတ်ရေးထိုးလိုက်ရင် ဥပဒေဖြစ်လာမှာပါ။ အဲဒီဥပဒေကြမ်းကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ကြိုဆိုကြပေမဲ့ ဘယ်လောက် ထိရောက်မလဲဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top