Covid-19 ကူးစက်ခံခဲ့ရတဲ့ ၁၀၃ နှစ်အရွယ် တရုတ်အဘွားအို ပြန်သက်သာလာပြီး ဆေးရုံက ဆင်းနိုင်ပြီ

13-3-2020-yyl-015.jpg

ဝူဟန်မြို့ ဆေးရုံမှာ ၆ ရက်ကြာ ကုသမှုခံယူခဲ့ပြီးနောက်မှာတော့ တရုတ်နိုင်ငံရဲ့ အသက်အကြီးဆုံး Covid-19 လူနာဟာ ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ပါတယ်။ အဲဒီအဘွားအိုက အသက် ၁၀၃ နှစ်ရှိပြီး တရုတ်နိုင်ငံမှာ Covid-19 သက်သာပျောက်ကင်းတဲ့ အသက်အကြီးဆုံးလူနာဖြစ်လာခဲ့ပါတယ်။ အရင်တုန်းကလည်း အသက် ၁၀၁ နှစ်အရွယ် အဘိုးအိုတစ်ယောက်ဟာ Covid-19 ရောဂါ သက်သာပျောက်ကင်းခဲ့ဖူးပါတယ်။

သူဟာ မတ်လ ၁ ရက်မှာ Covid-19 ကူးစက်ခံခဲ့ရတာဖြစ်ပြီး စိုးရိမ်စရာအခြေအနေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ပတ်မပြည့်ခင်မှာပဲ ရောဂါသက်သာသွားခဲ့ပြီး မတ်လ ၁၀ ရက်မှာတော့ ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပါတယ်။ အဘွားအိုဟာ တုံးဂျီဆေးပညာကောလိပ်ရဲ့ လီယွမ်ဆေးရုံကို ရောက်လာချိန်တုန်းက စကားမပြောနိုင်ခဲ့ပါဘူး။ ဆေးရုံ တက်ရောက်ကုသနေချိန်အတွင်းမှာ သူနာပြုတွေက သူ့ကို အစားအစာကျွေးတာ၊ သေးခံလဲပေးတာမျိုး လုပ်ပေးခဲ့ပြီး ၂၄ နာရီပတ်လုံး စောင့်ရှောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top