ဆိုင်ထဲဝင်ဝင်ချင်း ပိုးသတ်ဆေးဖျန်းပေးတဲ့ ဂျပန်ဘား

22-5-2020-yyl-017.jpg

ဂျပန်နိုင်ငံက ဘားတစ်ခုဟာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် လာရောက်တဲ့သူတွေ တံခါးပေါက်ကနေ ဝင်လာတာနဲ့ သူတို့တွေကို ပိုးသတ်ဆေးဖျန်းပေးတယ်လို့သိရပါတယ်။ အဲဒီဘားက ဂျပန်ရိုးရာအရက်ဆိုင် ကီချီရီ ရှင်ဂျူကူဖြစ်ပြီး လာရောက်အားပေးတဲ့သူတွေ ဆိုင်ထဲဝင်လိုက်တာနဲ့ ပိုးသတ်ဆေးဖျန်းတာကို ဓာတ်ပုံရိုက်ကူးထားတာတွေ့ရမှာဖြစ်ပါတယ်။ ဂျပန်ရိုးရာအရက်ဆိုင်ကို လာတဲ့သူတွေက ဆိုင်ထဲဝင်လိုက်တာနဲ့ Screen ပေါ်က ဧည့်ခံအမျိုးအသီးဟာ သူတို့ကို နှုတ်ဆက်ပြီး လက်ဆေးဖို့ ပြောကြားပါတယ်။ အဲဒီနောက်မှာ (၃၀) စက္ကန့်လောက် ပိုးသတ်ဆေးအဖျန်းမခံရခင်မှာ သာမိုမီတာနဲ့ သူတို့ရဲ့အပူချိန်ကို တိုင်းတာရတယ်လို့ သတင်းဌာနအရ သိရပါတယ်။

လာရောက်အားပေးတဲ့သူတွေကို အခန်းထဲက ဘယ်နေရာမှာ ထိုင်ရမလဲဆိုတာကိုလည်း မြေပုံလမ်းညွှန်ပေးထားမှာဖြစ်ပြီး မီနူးကြည့်ချင်ရင်၊ မှာယူချင်ရင် သူတို့ရဲ့ဖုန်းမှာရှိတဲ့ QR Code ကို အသုံးပြုလို့ရပါတယ်။ ဂျပန်အရက်ဆိုင်က အဲဒီလိုနည်းလမ်းတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။ အဲဒီဆိုင်ရဲ့ပြောရေးဆိုခွင့်ရှိသူက “စားသုံးသူတွေ ဆိုင်ထဲဝင်ရောက်တဲ့အခါ သူတို့ကို လုံခြုံစိတ်ချမှုပေးချင်ပါတယ်။ဒါက Social Distancing ဖြစ်ဖို့နဲ့ ရောဂါကူးစက်မှုကို ကာကွယ်ဖို့လုပ်ဆောင်ပေးထားတာပါ”လို့ ပြောပါတယ်။ ဆိုင်အတွင်းထဲမှာ စားသုံးသူတွေက တစ်ယောက်နဲ့တစ်ယောက်အဝေးမှာထိုင်ရပြီး Social Distancing ဖြစ်အောင် Plastic Screenတွေကို အသုံးပြုထားပါတယ်။

ဒီဆိုင်ကို ပိုင်ဆိုင်ထားတဲ့ Kichiro & Co ကုမ္ပဏီက ဂျပန်နိုင်ငံတစ်ဝှမ်းမှာ စုစုပေါင်း ဆိုင်ပေါင်း (၁၀၃) ဆိုင်ရှိပြီး နည်းစနစ်အသစ်ကို သုံးပြီး လုပ်ဆောင်ထားတာက ဒီဆိုင်တစ်ခုသာရှိပါသေးတယ်။ ဒါပေမဲ့ အခြားဆိုင်တွေအတွက် ဒီစနစ်ကို ထိထိရောက်ရောက်အသုံးချနိုင်ဖို့ မျှော်လင့်နေပါတယ်။ “ကျွန်တော်တို့တွေက လူနေမှုဘဝပုံစံအသစ်လမ်းညွှန်ချက်တွေကို လိုက်နာဖို့ပါပဲ။ ဒီနည်းပညာကို ပျံ့နှံ့စေချင်ပြီး အခြားစားသောက်ဆိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ချင်တယ်” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒီနည်းပညာကို အသုံးမပြုခင်မှာ ကမ္ဘာကျန်းမာရေးအဖွဲ့က ထောက်ခံချက်ပေးထားလားမပေးထားဘူးလားဆိုတာကို အရင်စစ်ဆေးကြည့်ဖို့ အရေးကြီးပါတယ်။ အခုလအစောပိုင်းမှာတော့ ကမ္ဘာကျန်းမာရေးအဖွဲ့က “ပိုးသတ်ဆေးဖျန်းတာက မျက်လုံး၊ အသက်ရှုလမ်းကြောင်းတို့ကိုထိခိုက်နိုင်ခြေရှိပြီး အရေပြားယားယံကာကျန်းမာရေးဆိုးကျိုးတွေဖြစ်လာနိုင်တယ်”လို့ ပြောထားပါတယ်။

Ref: Japanese Pub Sprays Customers With Disinfectant As They Enter

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top