စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ကြောင့် အနည်းဆုံး လူ ၈၄ ယောက် သေဆုံး

22-5-2020-yyl-021.jpg

စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ အနည်းဆုံး လူ ၈၄ ယောက် သေဆုံးခဲ့ပြီး အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကိုးလ်ကတ္တားမြို့မှာ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အမ်ဖန်မုန်တိုင်းကြောင့် ကမ်းရိုးတန်းဒေသတွေမှာ မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး သစ်ပင်ထောင်ပေါင်းများစွာ အမြစ်က ကျွတ်ထွက်ခဲ့ပါတယ်။

ဓာတ်တိုင်တွေ၊ ဖုန်းလိုင်းတွေ လဲကျခဲ့ပြီး နေအိမ်တွေလည်း ပြိုလဲခဲ့ပါတယ်။ ကိုးလ်ကတ္တားမြို့က လမ်းတော်တော်များများ ရေဖုံးလွှမ်းခဲ့ပြီး မြို့ခံ ၁၄ သန်းလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံခဲ့ပါတယ်။ သေဆုံးသူအများစုကတော့ သစ်ပင်ပိတာ၊ အပျက်အစီးတွေ ထိမှန်တာကြောင့် သေရတာပါ။ အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်မှာ အနည်းဆုံး လူ ၇၂ ယောက် သေဆုံးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top