အသက်ရှည်ကျန်းမာစွာနေနိုင်ဖို့ အတုယူသင့်တဲ့ ဂျပန်လူမျိုးတို့ရဲ့လျှို့ဝှက်ချက်တွေ

30.1.2021yyl18.jpg

၂၀၂၂ခုနှစ်ရဲ့ Worldmeters စစ်တမ်းအရ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးထဲမှာ ပျှမ်းမျှလူ့သက်တမ်းအရှည်ဆုံးစာရင်းမှာ နံပါတ် ၂ နေရာမှာ ရပ်တည်နေတာပါ။ ဂျပန်နိုင်ငံမှာ ပျမ်းမျှလူ့သက်တမ်းက ၈၅.၀၃ နှစ်ဖြစ်ပါတယ်။ အဓိကအချက်ကတော့ အသက်ရှည်ဖို့ တင်မဟုတ်ပါဘူး။ ကျန်းမာပျော်ရွှင်စွာ နေထိုင်ရမှာလည်းဖြစ်ပါတယ်။

ဂျပန်လူမျိုးတွေက အလုပ်ကနေ အနားယူပြီးတဲ့နောက်မှာလည်း သူတို့ရဲ့ဘဝကို ပျော်ရွှင်စွာ နေထိုင်ကြပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ် နုပျိုဖို့အတွက် သူတို့အသုံးပြုကြတဲ့ လျှို့ဝှက်ချက်တချို့ရှိပါတယ်။ ကျွန်တော်တို့တွေလည်း ဂျပန်လူမျိုးတွေလို အသက်ရှည်ကျန်းမာစွာနဲ့ နေထိုင်နိုင်ဖို့အတွက် သူတို့ရဲ့လျှို့ဝှက်ချက်တွေကို အတုယူသင့်ပါတယ်။

ဂျပန်လူမျိုးတွေရဲ့လျှို့ဝှက်ချက်ကတော့

နည်းလေလေ ပိုကောင်းလေလေ

ဂျပန်လူမျိုးတွေက တစ်ယောက်စာဝေပုံချခွဲထားတဲ့အစားအစာက အစာစားခြင်းကို နှေးသွားစေတယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါက သင် ဗိုက်ပြည့်အင်နေလား မပြည့်သေးဘူးလားဆိုတာကို ပိုပြီးနားလည်စေတဲ့အရာပါ။ အစားအစာကို တစ်ခါတည်းနဲ့ အများကြီးစားမယ့်အစား ပန်ကန်အသေးနဲ့ နည်းနည်းချင်းစားကြည့်ပါ။ ဒါက သင့်ကို အလွန်အကျွံမစားမိအောင် ကူညီပေးနိုင်ပြီး ရလဒ်အနေနဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။

၈၀ ရာခိုင်နှုန်းဗိုက်ပြည့်တဲ့အထိ စားပါ

အစားအစာကို မြန်မြန်စားတာကိုတော့ မထောက်ခံပါဘူး။ သင့်ဉီးနှောက်အတွက် ဗိုက်ပြည့်အင်တယ်ဆိုတဲ့ အချက်ပြမှုကို ပေးပို့ဖို့အတွက် သင် စပြီးစားချိန်ကစပြီး မိနစ် ၂၀ ခန့် အချိန်ယူရတဲ့အတွက်ကြောင့်ပါ။ ဂျပန်လူမျိုးတွေက ဒီအချက်ကို သိပြီး ၈၀ ရာခိုင်နှုန်း ပြည့်တဲ့အထိသာ စားပါ (ဒါမှမဟုတ်) မင်းရဲ့အစားအစာ ၁၀ ပုံမှာ ၈ပုံလောက်သာစားပါဆိုတဲ့ ရိုးရှင်းတဲ့နည်းလမ်းကို အသုံးပြုပါတယ်။

ဆီ (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) နဲ့ ဆား (၀.၉ ဂရမ်) စားသုံးပါ

နာဂနို (Nagano) က ဂျပန်နိုင်ငံရဲ့ ကျန်းမာရေးအကောင်းဆုံးဒေသတွေထဲက တစ်ခုပါ။ အဲဒီမှာ လူ့သက်တမ်းက ၈၀-၈၇ နှစ် ရှိပါတယ်။ စစ်တမ်းတစ်ခုအရ နာဂနိုနေထိုင်သူတွေက တစ်နေ့ကို ဆား ၁၅.၁ ဂရမ် စားသုံးကြပြီး ဒီပမာဏက ကျန်းမာရေးကို မထိခိုက်စေနိုင်ဘူး ဆိုတာကို တွေ့ရှိရပါတယ်။ ဆား (၀.၉ ဂရမ်) နဲ့ ဆီ (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) သာစားဖို့ အကြံပြုထားကြပါတယ်။

လေ့ကျင့်ခန်းလုပ်တာထက် လမ်းလျှောက်တာကို ပိုကြိုက်ကြတယ်

ဂျပန်လူမျိုးတွေက တက်တက်ကြွကြွနေထိုင်ရတာကို နှစ်သက်ကြပါတယ်။ သူတို့အကြိုက်ဆုံးအားကစားတွေထဲကတစ်ခုက လမ်းလျှောက်တာပါ။ သူတို့တွေက လမ်းလျှောက်ရင်းနဲ့ စကားပြောဆိုနိုင်ကြပါတယ်။ ဒါကြောင့် အကျိုးအမြတ်နဲ့ပျော်ရွှင်မှုကို ပေါင်းစပ်ထားပါတယ်။ “မင်း လမ်းလျှောက်ရင်း စကားပြောရင် လေ့ကျင့်ခန်းလုပ်ရသလို လူမှုအသိုင်းအဝိုင်း ဆက်ဆံရေး ခံစားချက်ကိုလည်း တည်ဆောက်ဖို့ ကူညီပေးတယ်”

တို့ဟူးစားပါ

တို့ဟူးက ဂျပန်အစားအစာရဲ့ထူးခြားချက်တစ်ခုလည်းဖြစ်ပါတယ်။သက်သက်လွတ်စားတဲ့ သူတွေအတွက် ကောင်းတဲ့အပြင် သင့်အသားရေကိုလည်း ကောင်းစေပြီး ငယ်ရွက်နုပျိုတဲ့ပုံပေါက်စေပါတယ်။ ဒါ့အပြင် နှလုံးရောဂါနဲ့ကင်ဆာရောဂါတွေဖြစ်နိုင်ခြေကို လျှော့ချပေးပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။

ရေပူစမ်းမှာ ရေချိုးကြတယ်

ရေပူစမ်းမှာ ရေချိုးတဲ့ဓလေ့က အပန်းဖြေရုံသာမက ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ နောက်တစ်ခုက သင့်အရေပြားကို အထောက်အကူပြုတဲ့ မရှိမဖြစ်အဆီတွေကို အသုံးပြုဖို့ လိုပါတယ်။ အချိန်အကြာကြီးနေတာမျိုး၊ အပူလွန်ကဲတာမျိုးတော့ သတိထားပါ။

Ref: Brightside “Japanese Secrets We Can Use to Live Longer and Healthier Lives”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top