တောင်အာဖရိကနိုင်ငံက မိခင်တစ်ဦးနဲ့ ကြံရာပါ ၂ ဦးကို သူ့ရဲ့ အသက် ၆ နှစ်အရွယ်သမီးဖြစ်သူကို လူကုန်ကူးမှုနဲ့ မေလ ၂၉ ရက်နေ့က ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပါတယ်။ အဲ့ဒီအမှုက ကလေးလေးပျောက်တဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက နိုင်ငံတစ်ဝှမ်းမှာ လူစိတ်ဝင်စားမှုများခဲ့တာပါ။
ကယ်လီစမစ်သ်၊ သူ့ရဲ့ချစ်သူ ဂျကွမ် အက်ပ်ပိုလစ်နဲ့ သူတို့ရဲ့ သူငယ်ချင်း စတီဗင်နို ဗန် ရင်တို့ဟာ ဂျော့ဂျ်လင် စမစ်သ်ကို ပြန်ပေးဆွဲကာ လူကုန်ကူးခဲ့တာကြောင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

နိုင်ငံကို ထိတ်လန့်စေခဲ့တဲ့ တရားခွင်မှာ မျက်မြင်သက်သေက ကယ်လီဟာ သူ့သမီးကို တိုင်းရင်းဆေးဆရာတစ်ဦးဆီ ရင်းဒ် ၂၀၀၀၀ (စင်ကာပူဒေါ်လာ ၁၄၄၄) နဲ့ ရောင်းချခဲ့တယ်။ သမီးဖြစ်သူရဲ့မျက်စိနဲ့အရေပြားကို အလိုရှိခဲ့တာဖြစ်တယ်လို့ သူ့ကို ပြောခဲ့ကြောင်း ထွက်ဆိုခဲ့တာပါ။ ကယ်လီတို့အဖွဲ့ ပြစ်မှုထင်ရှားတာကြောင့် မေလ ၂၈ ရက်နေ့မှာ တရားသူကြီးကထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့တာပါ။
သူတို့အဖွဲ့က မူးယစ်ဆေးသုံးစွဲသူတွေဖြစ်တယ်ဆိုတဲ့အချက်က အခုလိုအပြစ်ကျူးလွန်ရခြင်းရဲ့အကြောင်းပြချက်မဟုတ်ဘူး။သူ ချမှတ်နိုင်တဲ့ အပြင်းထန်ဆုံးပြစ်ဒဏ်ထက် လျော့ပေါ့တဲ့ ပြစ်ဒဏ်နဲ့ ထိုက်တန်အရာမတွေ့ဘူးလို့ တရားသူကြီးက ဆိုပါတယ်။
ရဲတပ်ဖွဲ့က ဂျော့ဂျ်လင် စမစ်သ်ကို အင်းတိုက်အားတိုက်ရှာဖွေနေပေမဲ့ အခုထိမတွေ့သေးဘူးလို့သိရပါတယ်။
Ref: South African mother given life sentence for trafficking 6-year-old daughter
WL ( ရိုးရာလေး)