အသက် ၈၀ ကျော်အထိ သားဖွားမီးယပ်အထူးကုဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့တဲ့ အသက် ၁၁၅ နှစ်အရွယ် ဂျပန်နိုင်ငံရဲ့ အသက်ကြီးဆုံးပုဂ္ဂိုလ် ကွယ်လွန်

die.jpg

ဂျပန်နိုင်ငံရဲ့ အသက်ကြီးဆုံးအမျိုးသမီးက အသက် ၁၁၅ နှစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ရှီဂဲကို ကာဂါဝါ အမည်ရတဲ့ အသက်ကြီးဆုံးအမျိုးသမီးဟာ ဩဂုတ်လ ၂၇ ရက်နေ့က ကွယ်လွန်ခဲ့တာပါ။ သူက ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ဂျပန်နိုင်ငံရဲ့အသက်ကြီးဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့တာပါ။ သူ သေဆုံးရခြင်းအကြောင်းအရင်းကို လူသိရှင်ကြားထုတ်ဖော်ပြောကြားထားခြင်းမရှိပါဘူး။

သူဟာ သူ့ဘဝသက်တမ်းအများစုမှာ သားဖွားမီးယပ်အထူးကုဆရာဝန်မအဖြစ် အချိန်ကုန်ခဲ့တာပါ။ သူက အသက် ၈၀ ကျော်အထိ အလုပ်လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ သားဖွားမီးယပ်အထူးကုန်ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့တဲ့နှစ်တွေအတွင်း ညဉ့်နက်အချိန်တွေ၊ အားလပ်ရက်အချိန်တွေအပါအဝင် လူနာတွေကို ကြည့်ရှုပေးခဲ့တာပါ။ သူ့ရဲ့တက်ကြွတဲ့ဘဝနေထိုင်မှုပုံစံက သူ့ကို အားအင်တွေပြည့်ဝနေစေဖို့ ကူညီပေးတယ်လို့ ပြောခဲ့ဖူးပါတယ်။

အသက်ရှည်ရှည်နေနိုင်တဲ့ လျှို့ဝှက်ချက်အကြောင်း မေးမြန်းခံရစဉ်က ဒီအတွက် ရိုးရိုးရှင်းရှင်းပါပဲ။ အထူးလျှို့ဝှက်ချက်မရှိဘူး။ ဘာမှ အထူးအဆန်းတွေမလုပ်ခဲ့ဖူးဘူးလို့ ပြောကြားခဲ့တာပါ။ သူက အသက် ၁၁၀ နှစ်မှာတောင် တိုကျိုအိုလံပစ်မီးရှိုးတိုင်ပွဲမှာ ပါဝင်ရင်း အမှတ်တရကောင်းတွေဖန်တီးနေခဲ့တာပါ။

ရှီဂဲကို ကွယ်လွန်ခဲ့ပြီးနောက်မှာ အသက် ၁၁၄ နှစ်အရွယ် ဖူယို ကီရှီမိုတိုက ဂျပန်နိုင်ငံရဲ့အသက်ကြီးဆုံးသက်ရှိထင်ရှားပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။

Ref: Japan’s Oldest Woman Dies At 115, Continued Working As An Obstetrician Into Her 80s

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top