ကိုယ်ဝန်ဖျက်ချခွင့်ပိတ်ပင်ရေးဥပဒေကြောင့် ဂျော်ဂျီယာပြည်နယ်မှာ ရုပ်ရှင်ရိုက်ဖို့ မသေချာတော့တဲ့ ဒစ္စနေးကုမ္ပဏီ

61602597_2403436779687228_4142017102498234368_n.jpg

အငြင်းပွားစရာ ကိုယ်ဝန်ဖျက်ချခွင့် ပိတ်ပင်ရေးဥပဒေသစ်ကြောင့် ဂျော်ဂျီယာပြည်နယ်မှာ ရုပ်ရှင်ဆက်ရိုက်ဖို့ မသေချာတော့ဘူးလို့ ဒစ္စနေးကုမ္ပဏီက ပြောပါတယ်။ (Heartbeat ban-သန္ဓေသားနှလုံးခုန်သံကြားရပါက ကိုယ်ဝန်ဖျက်ချခွင့်ပိတ်ပင်သည့် ဥပဒေကြမ်း)ကို မေလအစောပိုင်းမှာ ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူး ဘရိုင်ယန်ကမ့်က လက်မှတ်ရေးထိုးအတည်ပြုခဲ့ပါတယ်။ အဲဒီဥပဒေအရ ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ် (၆) ပတ်ကြာတာနဲ့ ကိုယ်ဝန်ဖျက်ချခွင့် တားမြစ်ပိတ်ပင်မှာဖြစ်ပါတယ်။

ဂျော်ဂျီယာပြည်နယ်ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေအတွက် အခွန်သက်သာပါတယ်။ ဒစ္စနေးကုမ္ပဏီဟာ ဝင်ငွေသောက်သောက်လဲရခဲ့တဲ့ Black Panther ၊ Avengers:Endgame ဇာတ်ကားတွေကို ဂျော်ဂျီယာပြည်နယ်မှာ ရိုက်ကူးခဲ့တာပါ။ ”ဒီဥပဒေအကျုံးဝင်လာရင်တော့ ကျွန်တော်တို့နဲ့ အလုပ်တွဲလုပ်နေသူ တော်တော်များများက ဂျော်ဂျီယာပြည်နယ်မှာ ရိုက်ကူးရေးလုပ်ချင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့လည်း သူတို့ဆန္ဒကို လိုက်လျောရမှာပါ”လို့ ဒစ္စနေးကုမ္ပဏီအမှုဆောင်ချုပ် ဘော့ဘ်အစ်ဂါက ပြောပါတယ်။ ဇန်နဝါရီလ (၁) ရက်နေ့မှာ စတင်အကျုံးဝင်လာမယ့် အဲဒီဥပဒေအတွက် တရားရုံးမှာ ဥပဒေကြောင်းအရ စိန်ခေါ်မှုလုပ်ဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အမေရိကန်နိုင်ငံတောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်းပြည်နယ်တွေမှာ တင်းကျပ်တဲ့ ကိုယ်ဝန်ဖျက်ချခွင့်ပိတ်ပင်ရေးဥပဒေတွေ ပြဋ္ဌာန်းခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top