ပလပ်စတစ်တိုက်ဖျက်ရေးမှာ အကျိုးပြုနိုင်မယ့် ဘက်တီးရီးယားတစ်မျိုးကို တရုပ်ကျောင်းသူ (၂) ဦးတီထွင်

yyl11919011.jpg

သမုဒ္ဒရာရေထုညစ်ညမ်းလာမှုဟာ ကျွန်တော်တို့ရဲ့ကမ္ဘာကြီးအတွက် တကယ့်ပြဿနာကြီးတစ်ခုဖြစ်နေပါတယ်။ သုတေသနတွေကတော့ ၂၀၅၀ ခုနှစ်လောက်ကျရင် ပင်လယ်ထဲမှာ ရေနေသတ္တဝါအရေအတွက်ထက် ပလပ်စတစ်အမှိုက်အရေအတွက်က ပိုများပြားနေမယ်လို့ ဆိုထားပါတယ်။ အဲဒီအတွက်ကြောင့် ဒီပြဿနာကိုပြေလည်စေမယ့်နည်းလမ်းတွေကို ရှာဖွေနေသူများစွာရှိနေပြီး လူတချို့တွေ့ရှိလာတဲ့နည်းလမ်းတွေဟာဆိုရင် မယုံနိုင်လောက်အောင်ကို ဆန်းကျယ်လှပါတယ်။

Jeanny Yao နဲ့ Miranda Wang ဆိုတဲ့ အသက် (၂၀) အရွယ် တရုပ်ကျောင်းသူလေးနှစ်ဦးကတော့ ပလပ်စတစ်တိုက်ဖျက်နိုင်မယ့် ဘက်တီးရီးယားတစ်မျိုးကို ဖန်တီးခဲ့သူတွေဖြစ်ပြီး ဒီဘက်တီးရီးယားဖန်တီးမယ့်စီမံကိန်းကို ကျောင်းတက်နေတဲ့နှစ်တွေကတည်းက အဆင့်ဆင့်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့စီမံကိန်းအတွက် ထောက်ပံ့ငွေ ဒေါ်လာ (၄၀၀၀) ရရှိခဲ့ပြီး မူပိုင်ခွင့်လည်းရရှိထားပါပြီ။ အခုဖန်တီးမှုအတွက် ဆုအရေအတွက် (၅) ခုအထိဆွတ်ခူးရရှိခဲ့သလို Perlman သိပ္ပံပညာရပ်ဆုကိုအသက်အငယ်ဆုံးဆွတ်ခူးနိုင်ခဲ့ကြသူတွေအဖြစ်လည်း သူတို့နှစ်ဦးက ကျော်ကြားလို့နေပါတယ်။

သူတို့နှစ်ဦးဖန်တီးခဲ့တာက ပလပ်စတစ်တွေကိုစားပစ်ပြီး ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ ရေအဖြစ်ကိုဖြိုခွဲပေးနိုင်မယ့် ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ ဒီနည်းပညာအရ ကနဦးမှာ ပလပ်စတစ်တွေကအရည်ပျော်သွားပြီး ဓာတ်ကူပစ္စည်းဖြစ်တဲ့အင်ဇိုင်းတွေရဲ့အကူအညီနဲ့ ပျော်ဝင်နိုင်စွမ်းမြင့်တဲ့အပိုင်းငယ်လေးတွေဖြစ်လာစေမှာပါ။။ အဲဒီအရာတွေကို အစာအကြွင်းအကျန်တွေလိုဖြစ်သွားအောင် ဇီဝပုံပြောင်းစနစ်ထဲမှာထားလိုက်ပြီး (၂၄) နာရီအတွင်းမှတော့ာ ပလပ်စတစ်ကနေ ရေအဖြစ်ကို ပြောင်းသွားမှာဖြစ်ပါတယ်။ ကမ်းခြေတွေက ပလပ်စတစ်အမှိုက်တွေကိုသန့်ရှင်းဖို့နဲ့ အဝတ်အထည်အဖြစ်ပြောင်းလဲဖန်တီးနိုင်မယ့် ပလပ်စတစ်ချည်မျှင်တွေထုတ်ဖို့အတွက် ဒီနည်းပညာအသုံးပြုလုပ်ဆောင်နိုင်မယ်လို့ ဆိုထားပါတယ်။

ပလပ်စတစ်သုံးစွဲနေတာကိုရပ်ဖို့ဆိုတာက တကယ့်လက်တွေ့မှာ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် ပလပ်စတစ်ကိုဖျက်ဆီးပြီး နောက်ပုံစံတစ်မျိုးနဲ့ ပြန်သုံးလို့ရအောင် နည်းပညာအစွမ်းနဲ့ ဖန်တီးရမှာပဲ လို့ Miranda Wang က ဆိုပါတယ်။

Ref: TheScienceAndSpace “Students Invent Bacteria That Eat Plastic From The Oceans And Turn It Into Water”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top