ယူနက်စကိုက ဆုန်ခရန်သင်္ကြန်ပွဲတော်ကို ထိုင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် စဉ်းစားဆုံးဖြတ်မယ့်စာရင်းထဲ ထည့်သွင်းထား

23-1-2023-yyl-209.jpg

ယူနက်စကိုက ဆုန်ခရန်သင်္ကြန်ပွဲတော်ကို ထိုင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ဖို့ စဉ်းစားဆုံးဖြတ်မယ့်စာရင်းထဲ ထည့်သွင်းထားပါတယ်။ ထိုင်းနိုင်ငံက ဆုန်ခရန်သင်္ကြန်ပွဲတော်အပြင် ခွန်မျက်နှာဖုံးအက၊ ထိုင်းရိုးရာအနှိပ်ပညာ၊ နိုရာအကတွေကိုလည်း ထိုင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုက ဒီနှစ်ကုန်မှာ ထည့်သွင်းစဉ်းစားဆုံးဖြတ်မှာကို စောင့်ဆိုင်းနေပါတယ်။

ထိုင်းနိုင်ငံရဲ့ယဉ်ကျေးမှုမြှင့်တင်ရေးဌာနက လက်မှုပညာ၊ ရိုးရာစာပေ၊ အားကစား၊ ရိုးရာဓလေ့၊ အသိဉာဏ်ပညာ၊ ဘာသာစကားတွေကို ယဉ်ကျေးမှုအမွေအနှစ်အမျိုးအစား (၇) မျိုး အနေနဲ့ ယူနက်စကိုကို နှစ်စဉ် တင်သွင်းပါတယ်။ မွေထိုင်း၊ Phi Ta Khon ရိုးရာပွဲတော်နဲ့ သရက်ကောက်ညင်းအချိုပွဲတွေကိုလည်း ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထပ်မံတင်သွင်းဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံက ထိုင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် တင်သွင်းထားတာတွေက မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံတွေမှာလည်း အလားတူဓလေ့ထုံးတမ်းနဲ့ ရိုးရာဓလေ့တွေရှိတဲ့အတွက် အငြင်းပွားစရာဖြစ်နိုင်ပါတယ်။

Ref: Laotiantimes “UNESCO to Consider Listing Songkran as Thai Cultural Heritage”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top