ဆံပင်ရှည်ကို ရိတ်ပစ်ပြီးတော့ တစ်ခါသုံးပလတ်စတစ်အန္တရာယ်အကြောင်း အသိပညာပေးခဲ့တဲ့ ရေဘုရင်ကြီး မိုမိုအာ

8.9-2022-yyl-01.jpg

မင်းသား ဂျေဆင်မိုမိုအာအကြောင်း ပြောလိုက်တာနဲ့ ခန္ဓာကိုယ်တောင့်တောင့်၊ ဆံပင်ရှည်နဲ့ ဘဲကြီးလို့ ပြေးမြင်မိကြမှာပါ။ သူ့ကို Aquaman ဇာတ်ကားနဲ့ ရေဘုရင်ကြီးလို့လည်း သိကြပါတယ်။ မိုမိုအာရဲ့ ထူးခြားတဲ့အမှတ်အသားက ဆံပင်ရှည်လို့ ပြောလို့ရပါတယ်။ မကြာသေးခင်က အသက် ၄၃ နှစ်အရွယ် မိုမိုအာဟာ သူ့ရဲ့အမှတ်သားဖြစ်တဲ့ ဆံပင်ရှည်ကို တစ်ခါသုံးပလတ်စတစ်အန္တရာယ်အကြောင်း အသိပညာပေးဖို့အတွက် ညှပ်ပစ်၊ ရိတ်ပစ်ခဲ့ပါတယ်။

သူ့ရဲ့ဆံပင်ရှည်ကို ရိတ်နေတဲ့ ဗီဒီယိုကို သူ့ရဲ့အင်စတာဂရမ်မှာ တင်ခဲ့တာပါ။ ဗီဒီယိုအစမှာ “အားလုံးပဲ မင်္ဂလာပါ” လို့ ပြောခဲ့ပါတယ်။ သူ့ဆံပင်ကို ရိတ်ပေးနေတဲ့သူက ဖြတ်ထားပြီးသား ဆံပင်တွေကို သူ့ဆီပေးနေခဲ့တာကိုလည်း တွေ့ရပါတယ်။

ဆံပင်ရှည်ရိတ်ပစ်ရခြင်းနောက်ကွယ်က အကြောင်းအရင်းကိုလည်း သူက ရှင်းပြခဲ့ပါတယ်။ သူကပလတ်စတစ်အသုံးပြုမှုအန္တရာယ်အကြောင်း အသိပညာပေးချင်ခဲ့တာပါ။ “ကျွန်တော် ပလတ်စတစ်ဘူးတွေကို စိတ်ကုန်နေပြီ။ ကျွန်တော်တို့ ပလတ်စတစ်ဇွန်း၊ ခရင်းအသုံးပြုတာကို ရပ်ပစ်ရမယ်။ အဲဒါတွေက ကျွန်တော့်တို့ရဲ့မြေထဲ၊ ကျွန်တော့်တို့ရဲ့သမုဒ္ဒရာထဲ ရောက်သွားကြတယ်”လို့ သူက ဆိုပါတယ်။

ပလတ်စတစ်တွေအစား ပြန်အသုံးပြုလို့ရတဲ့ ရေဘူးတွေကို စတင်အသုံးပြုကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ “ဒါက စိတ်မကောင်းစရာပါပဲ။ ဒါကြောင့် ကျေးဇူးပြုပြီးတော့ မင်းရဲ့ဘဝမှာ တစ်ခါသုံးပလတ်စတစ်တွေကို ဖယ်ထုတ်ပစ်ဖို့အတွက် မင်းလုပ်နိုင်သမျှ လုပ်ပေးပါ။ ကျွန်တော့်ကို ကူညီပေးပါ”တဲ့။

ဗီဒီယိုရဲ့ Caption မှာလည်း ကမ္ဘာမြေကြီးနဲ့ သမုဒ္ဒရာတွေကို ကာကွယ်တာမှာ အာရုံစိုက်ပေးကြဖို့ သူ့ရဲ့Follower တွေကို တိုက်တွန်းထားပါတယ်။

ကွန်မန့်မှာ သူ့ပရိသတ်တွေနဲ့ တွဲဖက်သရုပ်ဆောင်တွေဆီကနေ ပံ့ပိုးအားပေးမှုတွေ ရရှိခဲ့ပါတယ်။ ပရိသတ်တွေက “ဆံပင် ပြန်ရှည်လာပါစေ။ ဆံပင်ရိတ်ပစ်တဲ့အကြောင်းအရင်းက ကောင်းပါတယ်။ ဆံပင်ပုံစံအသစ်နဲ့ကြည့်ကောင်းနေမယ်လို့ ပြောရဲပါတယ်”၊ “အခုလိုမြင်ရဖို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မိုက်နေတုန်းပါပဲ” လို့ ရေးသားခဲ့ကြပါတယ်။ နောက်ထပ်ပရိသတ်တစ်ဦးကဆိုရင်လည်း “ဒီဆံပင်တွေကို ရောင်းပြီး သမုဒ္ဒရာကြီးအတွက် ရန်ပုံငွေရှာလို့ရတယ်”လို့ စနောက်ရေးခဲ့ပါတယ်။

ဂျေဆင်မိုမိုအာရဲ့ Ig video ကြည့်ရှုရန်

Ref: Jason Momoa shaves off signature long hair to raise awareness of single-use plastics crisis

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top