ရေဆာနေသော ကျီး၏ ဘဝသင်ခန်းစာ

carrion-crow-on-a-tree-branch-8D26TLZ.jpg

ရေ အလွန်ဆာနေသော ကျီးတစ်ကောင် ရှိတယ်။ သူ ရေဆာ နေတဲ့ အချိန်မှာ ရေအိုး တစ်လုံးကို တွေ့တယ်။ ရေအိုးထဲမှာလည်း ရေက နည်းနည်းလေးပဲ ရှိတော့ သူ့နုတ်သီးနဲ့ မမှီဖြစ်ပြီး သောက်လို့မရဘူး ဖြစ်နေပါတော့တယ်။

ဒါကြောင့် ရေအရမ်းဆာနေတဲ့ ကျီးဟာ ရေသောက်ရဖို့ အတွက် စဉ်စားတယ်။ နောက်ဆုံးတော့ သူဟာ အဲဒီအိုထဲသို့ ကျောက်စလစ်ခဲတွေကို ထည့်လိုက် ပါတော့တယ်။ ကျောက်စလစ်ခဲများ၏ အရှိန်ကြောင့် ရေဟာ အပါ်သို့ မြင့်တက်လာပြီး ရေဆာနေတဲ့ ကျီးလေး ရေသောက်လို့ ရသွားပါတယ်။

သင်ခန်းစာ –

ဘဝမှာ အခက်အခဲတွေ ဆိုတာ ရှိတယ်။ အဲဒီ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေမှသာ အောင်မြင်ပါလိမ့်မယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top