ခေတ်သစ်အသုံးအဆောင်ပစ္စည်းတွေကြောင့် မိသားစုထမင်းဝိုင်းအနှစ်သာရ ပျောက်ဆုံးနေ တယ်လို့ ပုပ်ရဟန်းမင်းကြီးပြော

pope-francis-feature.jpg

စည်းလုံး ညီညွတ်ပြီး နွေးထွေးတဲ့ မိသားစု ဖြစ်လာဖို့ အတွက် ထမင်းစားချိန်မှာ ဖုန်း အသုံးပြုတာ၊ ကွန်ပျူ တာသုံးတာနဲ့ တီဗီ ကြည့်တာတွေကို ရပ်တန့်ပြီး မိသားစု ထမင်းလက်စုံ စားသင့်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က တိုက်တွန်းထားပါတယ်။ ယနေ့အချိန်မှာ လူ့အဖွဲ့အစည်း အတွင်း လူသားချင်း အပြန်အလှန် ပေါင်းသင်း ဆက်ဆံမှု လျော့နည်းလာပြီး လူအများစုက နည်းပညာသစ်တွေရဲ့ ဆွဲဆောင်မှုမှာ နစ်မျောနေတာကြောင့် မိသားစု ထမင်းဝိုင်းရဲ့ အနှစ်သာရ ပျောက်ဆုံးနေတယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

“ထမင်းဝိုင်းမှာ မိသားစု လူစုံတက်စုံ မရှိဘူး။ စကားလည်း မပြောကြဘူး။ ဖုန်းသုံးနေမယ်။ တီဗီကြည့်နေမယ် ဆိုရင် အဲဒီ မိသားစုက စည်းလုံး နွေးထွေးတဲ့ မိသားစု မဟုတ်ပါဘူး”လို့ ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးက မိသားစုဝင်တွေ အနေနဲ့ သက်ဆိုင်ရာ နယ်ပယ်မှာ တစ်နေ့တာ ကြုံတွေ့ရတဲ့ ဝမ်းနည်း/ဝမ်းသာ ကိစ္စတွေကို မိသားစု ထမင်းဝိုင်းမှာ ဆွေးနွေး ညှိနှိုင်းပြီး စည်းလုံး ညီညွတ်တဲ့ မိသားစု အသိုက်အမြုံ အဖြစ် တည်ဆောက်သင့်တယ်လို့ အကြံပြု ထားပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top