Experience7 ဆိုတဲ့ပွဲကို Junction City မှာ ကျင်းပမယ့် Vivo

Experience7_03.jpg

Vivo ဟာ သူတို့ရဲ့ ထုတ်ကုန်သစ်ဖြစ်တဲ့ V7 ကိုသုံးစွဲသူတွေလက်ထဲ တရားဝင် မိတ်ဆက်မှုအဖြစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ Experience7 လို့ အမည်ပေးထားတဲ့ road show တစ်ခုကို ပြုလုပ် ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒီပွဲကို ရန်ကုန်မြို့မှာရှိတဲ့ Junction City မှာ ကျင်းပမှာသွားမှာ ဖြစ်ပြီး ဒီမိတ်ဆက်ပွဲမှာ V7 ကို မိတ်ဆက်ပေးရုံသာမကဘဲ ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါဝင်ဦးမှာပါ။

Experience7 ပွဲကိုနေ့လယ် ၁၂ နာရီမှာ စတင်မှာ ဖြစ်ပြီး နေ့လယ် ၁၂ နာရီနဲ့ ၁နာရီခွဲကြားမှာ အဆိုတော် ဇော်ပိုင်ရဲ့ သီဆို ဖျော်ဖြေမှုအပြင်၊ Dancer တွေရဲ့ ကပြ ဖျော်ဖြေမှုတွေလည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။ နေ့လယ် ၂ နာရီကနေ ၄ နာရီအချိန်အတွင်းမှာတော့ Vivo ရဲ့ Brand ambassador ဝိုင်းစုခိုင်သိန်းအပါအဝင် Vivo selfie icon တွေ ဖြစ်ကြတဲ့ ထူးအောင်၊ ရဲရင့်ဟိန်း၊ နွယ်ဒါလီထွန်း၊ အဲလစ်အုံးတို့ရဲ့ V7+ နဲ့ selfie ရိုက်ကူးခြင်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ ရှင်းလင်းမှု အစီအစဉ်အပြင် ပရိသတ်တွေ ပျော်ရွှင်ရမယ့် ဂိမ်းအစီအစဉ်တွေလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ညနေ ၅ နာရီကနေ ည ၇ နာရီအတွင်းမှာလည်းပိုပိုရဲ့ ဖျော်ဖြေမှုအပြင် အခြားပျော်ရွှင် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေမှုတွေလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။

Experience7 အမည်ရတဲ့ ဒီပွဲမှာ Vivo V7 Black color ကိုလည်းမိတ်ဆက်ပြီးရောင်းချသွားမယ်လို့ သိရပါတယ်။ V7 ဟာ5.7 လက်မအကျယ် FullViewTM Display နဲ့ 24MP အရှေ့ကင်မရာပါဝင်ပြီး Funtouch OS 3.2 (based on Android 7.1) ကိုအသုံးပြုနိုင်ပါတယ်။ Qualcomm Octa-core Processor, 4GB RAM, Storage 32GB ကို ထောက်ပံ့ပေးထားပြီး micro SD Card နဲ့ 256GB အထိ ထပ်တိုးအသုံးပြုနိုင်ပါတယ်။ V7 ရဲ့ ဈေးနှုန်းက ၃၄၉,၀၀၀ ကျပ် ဖြစ်ကြောင်းလည်း သိရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top