ဖိုင်တွဲကလစ်တွေကို နေ့စဉ်ဘဝမှာ လွယ်ကူအသုံးဝင်စေမယ့် နည်းလမ်းလေးတွေ

40771211_319244558832291_5064452726218293248_n.jpg

ဖိုင်တွဲကလစ်တွေကို ဖိုင်တွေ၊ စာရွက်စာတမ်းတွေ စီစီရီရီ ညှပ်တွဲဖို့သုံးကြတယ်မဟုတ်လား။ အခုက ဖိုင်တွဲကလစ်တွေဟာ ဒီထက်ပိုပြီး

ဘယ်လောက် အသုံးဝင်သလဲကို တင်ဆက်ပေးချင်ပါတယ်။ နေ့စဉ်အသေးအဖွဲ အခက်အခဲလေးတွေမှာ အလွယ်တကူဖြေရှင်းဖို့အတွက်ဥာဏ်ရှိသလို၊ စိတ်ကူးပေါ်သလို မိမိစိတ်ကြိုက် သုံးလို့ရသွားမှာ အသေအချာပါပဲ။ တစ်ပုံချင်းစီမှာ ကြည့်ရှူပေးကြပါဦး။

နားအုပ်ခွက်ကြီးကြီးနဲ့ မျက်စိရှုပ်တဲ့ နားကြပ်ကြီးကြီးတွေကို မျက်စိရှင်းရှင်းဖြစ်စေချင်ရင် နံရံမှာချိတ်ထားဖို့ ဖိုင်တွဲကလစ်လေးကို သုံးလိုက်ရုံပါပဲ။

အင်္ကျီလက်ရှည်တွေဝတ်တဲ့အခါ အင်္ကျီလက်ခေါက်ဖို့အတွက်လည်း သုံးနိုင်ပါတယ်။ ဖက်ရှင်တောင် ကျသွားမယ့် အထာမျိုးပါပဲ။

အဝတ်ကြိုးတန်းကနေ ဘောင်းဘီတွေ ခဏခဏပြုတ်မကျအောင် ချိတ်ထားချင်ရင်လည်း အလွယ်လေးပါပဲ။

ကွန်ပျူတာမှာ စာရိုက်ရတာ လက်ညောင်းလာတဲ့အခါ ကွန်ပျူတာကီးဘုတ်အောက်မှာ ကလစ်ကလေးထောက်ထားပေးရင် လက်ကောက်ဝတ်အနေအထားကို သက်သောင့်သက်သာလေး ဖြစ်သွားစေပါတယ်။

စာအုပ်ဖတ်တဲ့အခါ စာမျက်နှာမှတ်ဖို့ Bookmark လေးလို သုံးချင်လည်း ရတာပါပဲ။

အားသွင်းကြိုး၊ နားကျပ်ကြိုးတွေအတွက်လည်း အတော်လေး ကြိုးနာသက်သာစေတဲ့ အနေအထားမျိုးဖြစ်စေပါတယ်။ သုံးကြည့်ကြည့်ပါဦး။

စားပွဲခင်းတွေ အစထွက်ပြီး လေတိုက်တိုင်းလွင့်နေရင် ကလစ်လေးညှပ်ပေးထားလို့ရပါတယ်။

ပုံမှာမြင်ရတဲ့အတိုင်းပါပဲ။ စားပွဲပေါ်မှာ ရှုပ်နေတာတွေကို ဒီလိုလေး စုစည်းထားလိုက်လို့ရပါတယ်။

စားလက်စ မုန့်ထုပ်တွေကို လေလုံအောင်လည်း ထုပ်ပိုးထားလို့ရပါသေးတယ်။

အင်္ကျီဝတ်ပြီးမှ ကြယ်သီးတစ်လုံးလောက်ပြုတ်နေတာ သိရရင်လည်း မပူပါနဲ့။ အလွယ်ကောက်တပ်ထားလိုက်လို့ရပါတယ်။

 

Ref: Uses For Binder Clips

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top