တစ်သက်မှာ တစ်ခါလောက်တော့ စမ်းကြည့်သင့်တဲ့ ခရီးသွားနည်းတွေ

fm9SJGt-2-1316x875.jpg

ခရီးသွားချင်တာမှ အရူးအမူးပဲ။ ခရီးသွားရဖို့က ကိုယ့်အိမ်မက်ပဲဆိုရင်တော့ ခုပြောပြပေးမယ့် အချက်လေးတွေက ဘဝမှာ တစ်ခါလောက်တော့

လုပ်ကြည့်သင့်တဲ့ အရာတွေပါ။ လူဖြစ်ရကျိုးနပ်အောင်ပေါ့။ အရမ်းပိုတယ်လို့မထင်ပါနဲ့။ ဒီခံစားချက်မျိုးကို ခရီးသွားရတာ နှစ်သက်သူတွေပဲ နားလည်ပေးလို့ရတာပါ။

၁။ ဒေသခံလမ်းညွှန်ကို ငှားပါ

ကိုယ်သိသလောက်လေး လျှောက်ပတ်ကြည့်တာနဲ့ နယ်ခံကလိုက်ပြပေးတာ မတူပါဘူး။ တစ်ခါလောက် လမ်းပြနဲ့သွားကြည့်ပါ။ လျှို့ဝှက်ချက်တွေအားလုံးကို သိလာပါလိမ့်မယ်။

၂။ ပိုက်ဆံမရှိရင်တောင် ခရီးသွားပါ

သင်က ခရီးသွားလာတာ နှစ်ပေါက်နေပြီဆိုရင်တောင် ပိုက်ဆံမရှိလို့ ခရီးမထွက်ဖြစ်ဘူးဆိုတဲ့ စကားကို ဖီဆန်နိုင်ပြီထင်ပါတယ်။ တစ်ပြားမှမရှိလည်း သွားကြည့်ပါ။ ဘယ်လိုငွေဖန်လို့ ရနိုင်မလဲဆိုတာကိုတော့ “ခရီးသွားရင်း အလုပ်လုပ်ပြီး ဝင်ငွေရှာကြမယ်” ဆိုတဲ့ ဆောင်းပါးလေးမှာ ဆက်လေ့လာကြည့်လို့ ရပါတယ်။“https://www.yoyarlay.com/…/2361-seven-jobs-to-do-while-trav…”

၃။ မစီစဉ်ထားပဲနဲ့ ခရီးထွက်ကြည့်ပါ

အတွေ့အကြုံသစ်၊ ခံစားချက်အသစ်လေးတွေ ရတာပေါ့။ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ နည်းလမ်းလေးတွေကိုလည်း သိလာတာပေါ့။

၄။ အဆက်အသွယ် ဖြတ်ပြီးခရီးထွက်ကြည့်ပါ

ခရီးစဉ်တစ်လျှောက်လုံး မိသားစု၊ အလုပ်၊ ချစ်သူ စတဲ့သံယောဇဉ်အမျှင်တန်းစရာတွေ အားလုံးကို အဆက်အသွယ်ဖြတ်ထားလိုက်ပါ။ ကိုယ့်ရဲ့အချိန်တွေတိုင်းကို ထူးမခြားနားနေ့ရက်တွေထဲ တခြားသူတွေအတွက်ပဲ အမြဲတမ်းပေးဆပ်ခဲ့ရတာဆိုရင်တော့ တစ်ကိုယ်ကောင်းနည်းနည်း ဆန်ကြည့်လိုက်ပါ။

၅။ တစ်ယောက်တည်း သွားပါ

ကိုယ့်ကိုယ်ကိုယ် ရှာဖွေနိုင်ဖို့အတွက်ပါ။ တစ်ယောက်တည်း ခရီးထွက်ကြည့်ပါ။

၆။ မိုးရေထဲလည်း လမ်းလျှောက်ပါ

တစ်ခါလောက်တော့ လုပ်ကြည့်လိုက်ပါ။ ဘာဖြစ်လဲ … တစ်ခါတလေခရီးသွားရင်း မိုးရေချိုးတာပဲ။ အသက်အရွယ်တွေခဏမေ့ထားပြီး ပျော်ပျော်နေခဲ့ပါ။

၇။ ခံစားချက်အတိုင်း စီးမျောကြည့်ပါ

ကိုယ်ခရီးသွားမယ့်နေရာနဲ့ ဆက်စပ်တဲ့ဝတ္တု၊ မဂ္ဂဇင်းတွေကိုဖတ်ပြီး ဇာတ်ကောင်ရဲ့ ခံစားချက်အတိုင်းစီးမျော လည်ပတ်ကြည့်ပါ။ နည်းနည်း စိတ်ကူးယဉ်ဆန်ပေမဲ့ လုပ်ကြည့်သင့်တဲ့အရာတွေထဲက တစ်ခုပါ။

၈။ ဖေ့စ်ဘွတ်ခ်ကိုမေ့ထားပါ

ဘာပုံ၊ ဘာစာမှ မတင်ပဲခရီးသွားကြည့်ပါ။ ဘယ်ရောက်နေပြီး ဘာစားနေပြီးဆိုတာကိုလည်း အသိမပေးပါနဲ့။

၉။ ကိုယ်ချစ်ရတဲ့သူတစ်ယောက်နဲ့ မမျှော်လင့်ထားတဲ့ ခရီးကို သွားကြည့်ပါ

စီစဉ်ထားလို့ ဖြစ်လာတာနဲ့ မစီစဉ်ထားပဲ ဖြစ်သွားတဲ့ ခံစားချက်ချင်းက မတူပါဘူး။ ဒီလိုခံစားချက်ကို ကိုယ်ချစ်ရသူနဲ့ မျှဝေကြည့်ပါ။

၁၀။ အလကားရနိုင်သမျှတွေရအောင်စုပြီး ခရီးထွက်ပါ

ဆိုလိုချင်တာက မဲပေါက်ထားတဲ့ လေယာဉ်လက်မှတ်ကိုကိုင်ပြီး သူငယ်ချင်းအိမ်မှာ တည်းတာမျိုးပါ။ ခရီးစဉ်တစ်ခုလုံးကို အလကားရနိုင်သလောက်ရအောင်စုပြီးတစ်ခါလောက် စီစဉ်ကြည့်ပါ။ သက်သာအောင်ပေါ့လေ..။

Ref : Pinterest “10 things every traveler should try at least once”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top