COROLLA ALTIS ကားသစ်ကြီးကို TOYOTA မှ စတင်မိတ်ဆက်

MM1910_002ú-ü-«úGÇÜ-¦ú¦ÆGÇÖúGÇÜíú¦Æ-.jpg

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်၊ Corolla Altis ကားသစ်ကြီးကို မြန်မာနိုင်ငံတွင် တရားဝင်စတင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း Toyota မှ ဂုဏ်ယူစွာ ကြေညာလိုက်ပါသည်။ ကမ္ဘာအနှံ့ ၄၇.၅ မီလီယံကျော် ေရာင်းအားနှင့်အတူ* “ရောင်းအားအကောင်းဆုံး Toyota ကား” သည် သာလွန်ကောင်းမွန်သည့်ခိုင်ခံ့မှုနှင့် ကျစ်လစ်မှုတို့ကိုဖော်ဆောင်သော အပြင်ပိုင်းရှိ နောက်ဆုံးပေါ်ထိပ်တန်းဒီဇိုင်းတို့ဖြင့် ၎င်း၏ကျော်ဇောသည့် ဂုဏ်ရှိန်ဂုဏ်ဝါကို ရှင်းလင်းစွာဖော်ပြနေပါသည်။ အနှိုင်းမဲ့ဇိမ်ကျမှုအတွက် အလွန်အမင်းအသုံးတည့်မှုကို ကောင်းစွာအသားပေးထားသည့် အနုစိပ်လှသော ဒီဇိုင်းနှင့်အတူ အရည်အသွေးမြင့်ကားအတွင်းပိုင်းအသစ်သည် ကျယ်လွင့်သည့်အတွင်းပိုင်းအခန်းကို ပေးစွမ်းပါသည်။

ပြိုင်စံရှားသည့် ပျော်ရွှင်ဖွယ်မောင်းနှင်မှုအတွေ့အကြုံကို အသက်သွင်းပေးထားသော Toyota New Global Architecture (TNGA) မှ ပေးစွမ်းသည့် ထိပ်တန်းမောင်းနှင်နိုင်စွမ်းကြောင့် Corolla Altis သည် တကယ့်ကိုထူးခြားပြောင်မြောက်လှပါသည်။ ထို့ထက်ပိုအရေးပါသည်မှာ Toyota ၏ထင်ရှားကျော်ကြားေသာ ကမ္ဘာ့အဆင့်မီဘေးကင်းလုံခြုံရေး စံသတ်မှတ်ချက်ဖြစ်သည့် Toyota ၏ ဘေးကင်းလုံခြုံရေး အာရုံခံစနစ်သည် ခရီးစဉ်တိုင်းတွင် ယာဉ်မောင်းသူရော ခရီးသည်များကိုပါ အကြွင်းမဲ့ ရွေ့လျားမောင်းနှင်ခြင်းဆိုင်ရာ ယုံကြည်စိတ်ချမှုကို ပေးစွမ်းပါသည်။

Toyota New Global Architecture (TNGA) နှင့် မောင်းနှင်မှု (drivetrain) စနစ်အသစ်သည် ယာဉ်ကိုအဖြောင့်အတိုင်းသာမက ကွေ့ကြောများမောင်းနှင်သည့်အခါတွင်ပါ ယာဉ်၏တည်ငြိမ်မှုထိန်းချုပ်စနစ်ကိုအားကောင်းစေသော ကား၏အောက်ပိုင်းဗဟိုဆွဲအားကို ကူညီအားဖြည့်ပေးပါသည်။ ထို့အပြင် Double Wishbone နောက်ဆိုင်းထိန်းက ကား၏တည်ငြိမ်မှုကိုမြှင့်တင်ပေးပြီး ညက်ညောသည့်မောင်းနှင်မှုကိုရရှိေစကာ ကား၏ငြိမ့်ညောင်းမှုနှင့် ထိန်းချုပ်မောင်းနှင်မှု စွမ်းဆောင်အားကိုတိုးမြှင့်ပေးသော ပိုမိုကောင်းကောင်းမွန်အောင် မွမ်းမံထားသည့် MacPherson Strut ရှေ့ဆိုင်းထိန်းစနစ်ဖြင့်လည်း Corolla Altis ကားသစ်ကြီးကို ဒီဇိုင်းထုတ်လုပ်ထားပါသည်။ မတူညီသောအနေအထားများတွင် အသံနှင့် ကားဆောင့်ခြင်း၊ တုန်ခါခြင်းများကို စုပ်ယူပေးပြီး အပူ၊ အသံနှင့် လျှပ်စစ်ကူးပြောင်းမှုများကို ကာကွယ်တားဆီးပေးသည့် အရာများကို အများအပြားတပ်ဆင်ထားခြင်းက မနှစ်မြို့ဖွယ်အသံများ ကားအတွင်းခန်းအတွင်းသို့ ဝင်ရောက်လာခြင်းကိုအနည်းဆုံးအထိလျှော့ချပေးပြီး ယာဉ်မောင်းသူကိုရော ခရီးသည်များကိုပါ ငြိမ့်ညောင်း၍ သက်သောင့်သက်သာရှိသော မောင်းနှင်မှုကို ခံစားရရှိနိုင်ရန် ပြုလုပ်ပေးပါသည်။

နောက်ဆုံးပေါ် Toyota ၏ ဘေးကင်းလုံခြုံရေးအာရုံခံစနစ်ဟာ ယာဉ်တိုက်မှုအပျက်အစီးလျှော့ချခြင်းနှင့် ယာဉ်တိုက်မှုရှောင်ရှားရေးအကူအညီကို တိုးမြှင့်ပေးရန်အတွက် အသစ်ထုတ်လုပ်ထားသည့် ယာဉ်တိုက်မှုကိုကြိုတင်ကာကွယ် အသိပေးစနစ်ပါဝင်သော ပြိုင်ဘက်ကင်း ဘေးကင်းလုံခြုံရေး စံသတ်မှတ်ချက် ဖြစ်ပါတယ်။ ရှေ့မှလာနေသောယာဉ်များကို အာရုံခံစုံစမ်းကာ ၎င်းတို့၏အရှိန်ကို ဆုံးဖြတ်ပြီးနောက် ယာဉ်မောင်းနှင်နေသော အခါနှင့် ယာဉ်ရပ်တန့်နေသောအခါတို့တွင် ကားနှစ်စီးကြား ဘေးကင်းလုံခြုံသည့်အကွာအဝေး
တစ်ခု ရှိနေစေရန်အတွက် အလိုအလျောက် အရှိန်နှုန်းထိန်းချုပ်စနစ် (Dynamic Radar Cruise Control)ကိုလည်း အသုံးပြုနိုင်ပါသည်။

ထို့အပြင် ယာဉ်ကြောပြောင်းလဲသွားခြင်းအချက်ပြ (Lane DepartureAlert)(စတီယာရင်ထိန်းချုပ်ခြင်းနှင့်)/ယာဉ်ကြောအတွင်း မောင်းနှင်စေသည့်အကူအညီ (Lane Tracing Assist) သည် အသစ်စက်စက် တိုးမြှင့်ထားသည့် မောင်းနှင်မှုအထောက်အပံ့ စနစ်ဖြစ်ပါသည်။ ၎င်းကို အသက်သွင်းထားလျှင် လမ်းကွေ့များတွင်ပင် ယာဉ်ကို လမ်းကြောအလယ်တွင်ထိန်းထား ပေးရန်အတွက် စတီယာရင်ထိန်းချုပ်ရာတွင် ယာဉ်မောင်းသူကို ကူညီပေးပါသည်။ ထို့ကြောင့် ယာဉ်မောင်းသူ အတွက် ဝန်ပေါ့စေပါသည်။ ရှေ့မှလာနေသောယာဉ်အား အလင်းစူးခြင်းကို လျှော့ချရန်ရည်ရွယ်၍ ညအချိန် မောင်းနှင်မှုများတွင် ဘေးကင်းလုံခြုံရေးကိုတိုးမြှင့်ရန်အတွက် အလိုအလျောက်မီးကြီးပြောင်းစနစ် (Automatic HighBeam) သည် အမြင့်မီးကို အပြည့်အဝအသုံးချပါသည်။

အပြင်ပိုင်း အရောင် ၇ မျိုးနှင့် အတွင်းပိုင်း အရောင် ၂ မျိုးမှ ရွေးချယ်နိုင်သော Corolla Altis အသစ်စက်စက်ကို သင့်တင့်လှသည့်ဈေးနှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၃၆,၀၀၀ ဖြင့် ဝယ်ယူနိုင်ကြောင်း Toyota မြန်မာမှဝမ်းမြောက်ဝမ်းသာ မိတ်ဆက်ပေးလိုက်ပါသည်။ Toyota prestige sedan အသစ်စက်စက်ကိုလည်း ၃ နှစ်/ကီလိုမီတာ ၁၀၀,၀၀၀ အာမခံ* ပေးထားသည့်အပြင် ရောင်းချပြီးနောက် ဝန်ဆောင်မှုအပြည့်အဝကိုToyota ၏ တရားဝင်အရောင်းကိုယ်စားလှယ်များထံတွင် ရယူနိုင်ပါသည်။ Corolla Altis ကားသစ်ကြီးအတွက် ကြိုတင်စာရင်းပေးဝယ်ယူမှုကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်လက်ခံပေးသွားပါမည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top