သင့်ရဲ့ လျှာကပြောပြနေတဲ့ သင့်ရဲ့ကျန်းမာရေး

tongue-large.jpg

သင့်ရဲ့လျှာက သင့်ကျန်းမာရေး အခြေအနေကို ပြောပြပေးနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့လျှာရဲ့ အရောင် ၊ အရွယ်အစား၊ မျက်နှာပြင်တို့၏ ချောမှု ကြမ်းမှု စသည့်အနေအထားတွေကိုကြည့်ပြီး သင်ဘာရောဂါခံစားနေရသလဲဆိုတာကို ပြောနိုင်ပါတယ်။

အခုဒီမှာလည်း လျှာရဲ့အရောင်အလိုက် ခံစားနေရတဲ့ရောဂါများကို ဓာတ်ပုံများနဲ့ဖော်ပြလိုက်ပါတယ်။ အခုဖော်ပြပေးလိုက်တဲ့ အချက်တွေနဲ့ပတ်သတ်ပြီး သင့်ရဲ့ကျန်းမာရေးကို သင်ရဲ့လျှာပုံစံအရောင် ကနေစစ်ဆေးချင်တယ် ဆိုရင် မနက်စောစော သွားမတိုက်ခင် သာမန်အလင်းရောင်နဲ့ စစ်ဆေးသင့်ပါတယ်။ ဒါ့အပြင် လျှာရဲ့ အပေါ်ယံအလွှာဟာ အစားအသောက်၊ ဖျော်ရည်၊ ဆေးဝါးများနဲ့ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားထားခြင်းတို့ကြောင့် ပြောင်းလဲနိုင်တဲ့အတွက် ဘာအစားအစာမှ မစားရသေးခင် နာရီဝက် တစ်နာရီခန့် အလိုမှာ စစ်ဆေးသင့်ပါတယ်။ ဒါပေမဲ့ အမြင်အာရုံနဲ့စစ်ဆေးချက်များဟာ ၁၀၀ % တိကျတဲ့ အဖြေမပေးနိုင်ဘူးဆိုတာကို သိထားပါ။ လျှာဟာ အစားအစာ၊ ဘတ်တီးရီးယားများကြောင့် ပြောင်းလဲနိုင်ပြီး သင့်အနေနဲ့ လျှာရဲ့အရောင်နဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်နေတယ် ဆိုရင် မိမိဘာသာကိုယ်တိုင်ကျိတ်မကုပဲ ကျွမ်းကျင်သူဆရာဝန်များနဲ့ ပြသကာ သေချာအောင်အဖြေထုတ်စစ်ဆေးသင့်ပါတယ်။

၁။ ပန်းရောင်ဖျော့ဖျော့ (ကျန်းမာရေးကောင်းမွန်)

၂။ အနီရောင် လျှာ (ကူးစက်ရောဂါ တစ်မျိုးမျိုးခံစားနေရတဲ့အခြေအနေ)

၃။ အနီရောင်တောက်တောက် လျှာ (နှလုံးရောဂါနဲ့ သွေးကြောဆိုင်ရာရောဂါများခံစားနေရတဲ့ အခြေအနေ)

၄။ အဝါရောင် လျှာ ( အစာအိမ်နဲ့ အသည်းရောဂါ ခံစားနေရတဲ့အခြေအနေ )

၅။ ခရမ်းရောင်လျှာ ( နှလုံးရောဂါနဲ့အဆုတ်ရောဂါ ခံစားနေရတဲ့အခြေအနေ)

၆။ အပြာရောင်လျှာ ( ကျောက်ကပ်ဆိုင်ရာ ကျန်းမာရေးပြဿနာ ရှိနေ)

၇။ အရောင်ဖျော့တော့တော့ ဖြစ်နေသော လျှာ (ဗီတာမင်နဲ့ အာဟာရချို့တဲ့သော လက္ခဏာ)

၈။ အဖြူရောင် လျှာ (ရေဓာတ်ခြောက်သွေ့ခြင်း၊ မှိုရောဂါ ကူးစက်ခြင်း)

၉။အညိုရောင် လျှာ ( အစာခြေလမ်းကြောင်းဆိုင်ရာ ရောဂါရှိနေသောလျှာ)

လျှာအပေါ်ယံအလွှာက ပြောပြနေတဲ့ သင့်ရဲ့ ကျန်းမာရေးအကြောင်း ၃ ချက်

လျှာရဲ့ အပေါ်ယံအလွှာက လျှာရဲ့ အရောင်နဲ့ မတူညီပါဘူး။ ပါးလွှာနေတဲ့ လျှာအပေါ်ယံအလွှာဟာ သွားတိုက်တံနဲ့ အလွယ်တကူခြစ်ထုတ်နိုင်ပြီး ဒီလိုမျိုး လျှာအပေါ်ယံအလွှာပါးဆိုရင် ပုံမှန်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ သင်လျှာရဲ့ အပေါ်ယံအလွှာ ထူနေပြီဆိုရင်တော့ ကျန်းမာရေးပြဿနာဖြစ်နေကြောင်းပြသနေတာ ဖြစ်ပါတယ်။

၁။ အညိုရောင် အလွှာရှိနေသော လျှာ (အဆုတ်ရောဂါဆိုင်ရာ ခံစားနေရတဲ့ အခြအနေ)

၂။ ခဲရောင်၊ မီးခိုးရောင် အလွှာရှိနေသောလျှာ (အစာအိမ် ရောင်ရမ်းနာ၊ အစာအိမ်လမ်းကြောင်းတွင် အနာဖြစ်ပေါ်နေခြင်း)

၃။ အဝါရောင် အလွှာရှိနေသော လျှာ (အစာခြေလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နေခြင်း)

၄။ အဖြူရောင် အလွှာထူရှိသောလျှာ (ယစ်မူးခြင်း၊ ကူးစက်ရောဂါခံစားနေရခြင်း)

Ref : Bright Side Health : 13 Things Your Tongue Is Trying to Tell You About Your Health

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top