ဒေါ်လာ ၄သောင်းတန်ဖိုးရှိတဲ့ လက်ဆွဲအိတ်ကို အပ်နှံခဲ့တဲ့ ရိုးသားသူတစ်ဦး

97113482_mediaitem97113481.jpg

ဂျာမနီနိုင်ငံ မြို့တော်ဘာလင်က နူကိုလင် (Neukölln) စီရင်စုမှာ အမည်မဖော်လိုသူ၊ ရိုးသားတဲ့ ပြည်သူတစ်ဦးက ငွေသားများနဲ့ ရွှေချောင်းများပါဝင်ပြီး ယူရို ၃၃,၅၀၀ (ဒေါ်လာ ၄၀,၀၀၀) တန်ဖိုးရှိတဲ့ လက်ဆွဲအိတ်ကို သစ်ပင်တစ်ပင်အောက်မှာတွေ့ရှိခဲ့ပြီး ရဲလက်သို့ အပ်နှံခဲ့ပါတယ်။

လက်ဆွဲအိတ်ထဲမှာ ငွေသားယူရို ၃၅၀၀ နဲ့ စုစုပေါင်း ၁ကီလိုဂရမ်ခန့်ရှိတဲ့ ရွှေချောင်း ၂၂ ချောင်းခန့် ပါဝင်ခဲ့ပါတယ်။ လက်ဆွဲအိတ်ကို ဘဏ်တစ်ခုရဲ့ ရှေ့က သစ်ပင်တစ်ပင်အောက်မှာ တွေ့ရှိခဲ့တာ ဖြစ်ပြီး ရဲလက်ထဲအပ်နှံအပြီးမှာ ရဲများက ပိုင်ရှင်ကို လိုက်လံရှာဖွေပြီးပစ္စည်းများ ပြန်အပ်နှံခဲ့ပါတယ်။

ပိုင်ရှင်ဟာ ဘဏ်ကိုအလာ သစ်ပင်အောက်မှာ စက်ဘီးကိုသော့ခတ်ရင်း လက်ဆွဲအိတ်ကို မေ့သွားခဲ့တာဖြစ်တယ်လို့ ဘာလင်ရဲတပ်ဖွဲ့က ဆိုပါတယ်။ သို့ပေမဲ့ တာဝန်သိပြီး ရိုးသားတဲ့ ပြည်သူဟာ လက်ချည်းဗလာ မဖြစ်ခဲ့ရပါဘူး။ ဂျာမနီနိုင်ငံ ဥပဒေအရ အခုလိုလာရောက်အပ်နှံတဲ့သူတွေကို တွေ့ရှိတဲ့ ပစ္စည်းစုစုပေါင်းတန်ဖိုးရဲ့ ၃% မှ ၅% အထိ ပေးအပ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါ့အပြင် အခုလို ပစ္စည်းကို စောင့်ရှောက်ပေးထားတဲ့ရုံးကိုလည်း တန်ဖိုးရဲ့ ၁၀% ကို ပေးဆောင်ရပါသေးတယ်။

Ref : News BBC : Berlin ‘honest finder’ hands in $40,000 briefcase hoard

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top