ဒီလက္ခဏာရပ်တွေကို သတိထားမိရင် ကိုယ်ခံအားစနစ် အားနည်း နေတယ်ဆိုတာကို သိလိုက်ပါ

20-8-2020-yyl-040.jpg

ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ကောင်းဖို့က ကိုရိုနာဗိုင်းရပ်စ်နဲ့ အခြားဖျားနာရောဂါတွေကို တွန်းလှန်ဖို့အတွက် အရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့တွေ သိထားကြပါတယ်။ ကျွန်တော်တို့ရဲ့ကိုယ်ခံအားစနစ်က ကျွန်တော်တို့ကျန်းမာဖို့အတွက် (၂၄) နာရီလုံးလုံးအလုပ်လုပ်နေရတာပါ။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်စွာ စားသောက် နေထိုင်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ် ကြံ့ခိုင်သန်မာအောင် ထိန်းသိမ်းဖို့ အရေးကြီးလှပါတယ်။ စိတ်ဖိစီးတာ၊ စိုးရိမ်ပူပန်တာ၊ အရက်ဘီယာအများကြီး သောက်တာတွေလို အရာမျိုးတွေက သင့်ကိုယ်ခံအားစနစ်ကို အားနည်းသွားစေနိုင်ပြီး ရောဂါဘယတွေ စွဲကပ်လာနိုင်ပါတယ်။ လေ့လာချက်တွေအရ ကိုယ်ခံအားစနစ် အားနည်းတဲ့သူတွေက ကိုရိုနာဗိုင်းရပ်စ်ရဲ့ဒဏ်ကို အဆိုးရွားဆုံးခံရနိုင်တယ်လို့ ဆိုပါတယ်။ ကိုယ်ခံအားကောင်း မကောင်းသိရဖို့ဆိုရင် ဒီလက္ခဏာရပ်တွေက အချက်ပြနေပါတယ်။

မကြာခဏဖျားတာ၊ ပျောက်ကင်းသွားဖို့ အချိန်ယူရတာ

မကြာခဏဖျားနာတာကလည်း ကိုယ်ခံအားစနစ်အားနည်းတဲ့ အသိသာဆုံး လက္ခဏာရပ်တွေထဲက တစ်ခုပါပဲ။ ကိုယ်ခံအားစနစ်အားနည်းသွားပြီဆိုရင် ခန္ဓာကိုယ်က အန္တရာယ်ရှိတဲ့ဘတ်တီးရီးယားပိုးမွှား၊ ဗိုင်းရပ်စ်တွေကို မဖယ်ထုတ်နိုင်တော့ပါဘူး။ ရလဒ်အနေနဲ့ကတော့ ကူးစက်ရောဂါတွေ ပိုပြီးဖြစ်လာနိုင်ချေများပါတယ်။ တစ်နှစ်ကို (၃) ကြိမ်ထက်ပိုပြီး အအေးမိ၊ ဖျားနာမယ်ဆိုရင်၊ ပြန်သက်သာလာဖို့ အချိန်အကြာကြီး ယူရတယ်ဆိုရင် သင့်ကိုယ်ခံအားစနစ်က ကောင်းကောင်း အလုပ်မလုပ်နိုင်ဘူးဆိုတာကို ညွှန်ပြနေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။

အရမ်းပင်ပန်းနွမ်းလျသလိုခံစားရတာ

ကောင်းကောင်းအိပ်စက်ထားတာတောင် ပင်ပန်းနွမ်းလျသလိုခံစားရရင် ကိုယ်ခံအားစနစ်အားနည်းတယ်ဆိုတဲ့ လက္ခဏာရပ်ဖြစ်နိုင်ပါတယ်။ ကိုယ်ခံအားစနစ်အားနည်းတယ်ဆိုရင် ပုံမှန်ထက် အင်အားပိုပြီးလိုအပ်ပါတယ်။ သင့်ခန္ဓာကိုယ်က ကူးစက်ရောဂါတွေကို တွန်းလှန်ပစ်ဖို့အတွက် သာမန်အားအင်ပမာဏထက်ပိုပြီး လိုအပ်တယ်။ ရလဒ်အနေနဲ့ တစ်ချိန်လုံး ပင်ပန်းနွမ်းလျသလို ခံစားရနိုင်ပါတယ်။

အစာအိမ်ပြဿနာ

ကျွန်တော်တို့ကိုယ်ခံအားစနစ်ရဲ့ ကြီးမားဆုံးအပိုင်းက ကျွန်တော်တို့ရဲ့ အူမှာ တည်ရှိပါတယ်။ ကျွန်တော်တို့အူလမ်းကြောင်းက ကူးစက်ရောဂါကို တွန်းလှန်ဖို့အတွက် Antibodies ထုတ်လွှတ်ပေးတဲ့ ကောင်းတဲ့ဘတ်တီးရီးယားတွေရှိပါတယ်။ ဒါကြောင့် အူမှာရှိတဲ့ ဘတ်တီးရီးယားတွေမှာ မညီမျှတာတွေရှိလာရင် ကူးစက်ရောဂါကပ်ညှိလာနိုင်ပါတယ်။ ကိုယ်ခံအားစနစ်အားနည်းတဲ့ရောဂါနဲ့ အခြားကျန်းမာရေးအခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။ အူမှာရှိတဲ့ဘတ်တီးရီးယားက အစာခြေစနစ်မှာ အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်တာလို အစာအိမ်ပြဿနာမျိုးတွေ မကြာခဏဖြစ်လာပြီဆိုရင် ကိုယ်ခံအားစနစ်အားနည်တယ်ဆိုတဲ့ လက္ခဏာရပ်ဖြစ်ပါတယ်။

ပါးစပ်အပူကန်တာ၊ အနာပေါက်တာ

ကိုယ့်လျှာကိုယ်ကို ကိုက်မိတဲ့အခါ ပါးစပ်အပူကန်တာတွေဖြစ်လာရပါတယ်။ ဒါပေမဲ့ မကြာခဏ ပါးစပ်အပူကန်နေမယ်ဆိုရင် ကိုယ်ခံအားစနစ်အားနည်းတာဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုကလည်း ကိုယ်ခံအားစနစ်အားနည်းတဲ့ လက္ခဏာရပ်ဖြစ်တဲ့ ပါးစပ်အပူကန်တာကို ဖြစ်စေနိုင်ပါတယ်။

Ref: Watch out for these 4 signs of weak immunity

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top