ဖခင်ဖြစ်သူ Paul Walker အတွက် တာဝန်ကျေတဲ့ ၁၉ နှစ်အရွယ်သမီးလေး

paul-walker-n-meadow-rain-big.jpg

မျက်လုံးပြာပြာ ၊ အပြုံးချိုချို နဲ့ ဆွဲဆောင်မှုရှိပြီး သရုပ်ဆောင်ပိုင်းမှာတော်တဲ့ Paul Walker ကို တစ်ကမ္ဘာလုံးရှိ ပရိသတ်တွေက သတိရကြမှာပါ။ သူက The Fast and Furious ဇာတ်ကားမှာ Brian O’Conner ရဲ့နေရာက အကောင်းဆုံး သရုပ်ဆောင်ခဲ့ပါတယ်။

အသက် ၄၀ အရွယ်မှာ ကားအက်စီးဒင်းကြောင့် သေဆုံးခဲ့ရသူပါ။ သူမရှိတော့ပေမယ့် သူ့ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းက ရှင်သန်နေပါတယ်။ ဒါကတော့ ချစ်စရာကောင်းတဲ့ သူ့သမီးလေး Meadow Rain ဖြစ်ပြီး သူမကအခုဆို ၁၉ နှစ်ရှိပါပြီ။

မိဘတစ်ယောက် ဆုံးရှုံးရတဲ့အတွက် ခံစားခဲ့ရမယ့် ကလေးမလေးရဲ့ ပူဆွေးမှုကို စိတ်ကူးကြည့်ဖို့တောင် ခက်ခဲပါတယ်။ သူမချစ်ရတဲ့ အဖေကို ဆုံးရှုံးခဲ့ရချိန်က Meadow Rain အသက်က ၁၅ နှစ်ပဲရှိပါသေးတယ်။သူတို့သားအဖက အရမ်းချစ်ကြပြီး သူတို့ရိုက်ထားတဲ့ဓာတ်ပုံလေးတွေကိုကြည့်မယ်ဆိုရင် Meadow က Paul Walker အတွက် ဘယ်လောက်အရေးပါလဲသိနိုင်ပါတယ်။

အင်တာဗျူးတိုင်းမှာ Paul က သူ့သမီးအကြောင်း မပါရင်မပြီးပါဘူး။ ရိုက်ကွင်းအတွက် ခရီးထွက်ရတဲ့ အချိန်မှာတောင် သူ့သမီးကို ဘယ်လောက်လွမ်းကြောင်း နဲ့ သမီးလေး နဲ့ ပိုပြီး နီးနီးကပ်ကပ်ရှိဖို့လက်ကောက်ဝတ်မှာ သမီးလေးနာမည် တက်တူးထိုးထားခဲ့ပါတယ်။ Paul Walker ရဲ့အချစ်ဆုံးသူငယ်ချင်း လည်းဖြစ် The Fast and Furious ဇာတ်ကားထဲမှာ တွဲဖက်သရုပ်ဆောင်လည်းဖြစ်တဲ့ Van Diesel က Meadow Rain လေးစားရတဲ့ပုဂ္ဂိုလ်ဖြစ်ပြီး သူမကိုလည်း သွန်သင်ဆုံးမပေးသူပါ။

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့က Meadow Rain အသက် ၁၉ နှစ်ပြည့်ခဲ့ပါတယ်။ အခုဆိုရင် သူမက ချစ်ဖို့ကောင်းတဲ့ ကလေးမလေး ဖြစ်လာပါပြီ။ Paul ရဲ့ဝါသနာတော်တော်များများကိုလည်း လက်ဆင့်ကမ်း အမွေရထားသူပါ။ ဥပမာ- သူမက ပင်လယ်ကိုနှစ်သက်တယ်။ သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်တွေကို ကယ်တင်ချင်တယ်။ သူမရဲ့ အပြင်းပြဆုံး ဆန္ဒက လူတွေကိုကူညီပြီး ကောင်းကျိုးပြုချင်တာပါ။

၂၀၁၅ ခုနှစ် သူမအဖေရဲ့မွေးနေ့မှာ Meadow က Paul Walker Foundation ကိုစတင်ခဲ့ပါတယ်။ တည်ဆောင်ရတဲ့ အဓိကရည်ရွယ်ချက်ကလှူဒါန်းမှုတွေကို လက်ခံပြီး ရေကြောင်းသိပ္ပံပညာ သင်ယူနေတဲ့ လူတွေကို အထောက်အပံ့ပေးနိုင်ဖို့ ပါ။ သူမချစ်ရတဲ့အဖေကိုလေးစားဂုဏ်ပြုတဲ့အနေနဲ့ဒီထက်ပိုကောင်းတဲ့နည်းလမ်းကလွဲပြီး သူမ စဉ်းစားလို့မရပါဘူး။

Meadow က အခုဆိုရင် ဆွဲဆောင်မှုရှိပြီး ယုံကြည်မှုအပြည့်ရှိတဲ့ သမီးပျိုလေးဖြစ်လို့နေပါပြီ။ သူမအဖေရဲ့ စိတ်နှလုံးကောင်းကို ဆက်လက်ခံယူပြီး လိုအပ်တဲ့လူတွေကို ကူညီထောက်ပံ့ပေးနေတာပါ။ Meadow ရဲ့မြင့်မြတ်တဲ့ ကုသိုလ်ပြုမှုတွေကြောင့် Paul Walker ရဲ့ အမည်နာမဟာလည်း မပျောက်ပျက်ဘဲ နှစ်ကာလရှည်တည်ရှိနေမှာပါ။ The Fast and Furious မင်းသားလည်း သူ့ရဲ့ သမီးလေးအတွက် ဂုဏ်ယူမဆုံးဖြစ်နေမှာ အသေချာပါ….။

Ref: Fabiosa: Paul Walker’s Daughter Is 19 Years Old: She Turned Into Beautiful Young Woman Who Misses Her Dad Much
May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top