အသက် ၆၀ အရွယ် ဟောင်ကောင်အဆိုတော်မင်းသားကြီး အာရွန် ကွတ်ခ်ဟာ အသက် ၃၉ နှစ်အရွယ် ဇနီးဖြစ်သူ မိုခါ ဖန်၊ သမီး ၂ ဦးနဲ့အတူ စင်ကာပူနိုင်ငံမှာ ရောက်ရှိနေခဲ့တာပါ။ အာရွန် ကွတ်ခ်ရဲ့ ယောက္ခမတွေလည်း အတူပါလာပါတယ်။ ဩဂုတ်လ ၁၀ ရက်နေ့က ပရိသတ်တွေဟာ သူတို့မိသားစုကို Universal Studios Singapore မှာ မြင်တွေ့ခဲ့ကြပါတယ်။
သူတို့ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို တရုတ်လူမှုကွန်ယက် Xiaohongshu မှာ မျှဝေခဲ့ကြပါတယ်။ ဓာတ်ပုံတွေမြင်တဲ့ လူမှုကွန်ယက်အသုံးပြုသူတွေက သူ့ကို အရမ်းနုပျိုတယ်လို့ မှတ်ချက်ပြုကြပါတယ်။ ဩဂုတ် ၁၁ ရက်နေ့ကျတော့ အာရွန် ကွတ်ခ်ကို Singapore Zoo မှာ မြင်တွေ့ခဲ့ပြန်ပါတယ်။ သူနဲ့အတူ သူ့ယောက္ခထီးကလည်း အနက်ရောင် Polo Shirt ကို ဝတ်ဆင်ထားပါတယ်။ အာရွန်က အသက် ၅၈ နှစ်အရွယ် ယောက္ခထီးထပ် ပိုပြီးနုပျိုနေတာကို လူမှုကွန်ယက်အသုံးပြုသူတွေက သတိထားမိခဲ့ကြပါတယ်။
အာရွန် ကွတ်ခ်က ဇနီးဖြစ်သူနဲ့ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့တာပါ။ သူတို့မှာ သမီး ၃ ယောက်ရှိပါတယ်။ အာရွန်က ၂၀၂၆ ခုနှစ် ဇွန်လတုန်းကလည်း စင်ကာပူလာခဲ့ပါသေးတယ်။
Ref: Aaron Kwok, 60, seen at USS & S’pore Zoo, looks younger than dad-in-law, 58
WL (ရိုးရာလေး)

