လည်ပင်းမှာ ကြက်ကြော်တစ်နေတဲ့သူငယ်ချင်းကို ၈ နှစ်သားက အသက်ကယ်

7-10-2022-yyl10.jpg

ကြက်ကြော်စားနေရင်း လည်ပင်းမှာ တစ်သွားတဲ့ သူငယ်ချင်းကို ၈ နှစ်အရွယ် ကလေးငယ် ဂါရတ်ဘရောင်းက (Heimlich maneuver – အပေါ်ဘက် လေလမ်းကြောင်း ပွင့်သွားအောင် ရှေးဦးသူနာပြုစုခြင်း)နဲ့ ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ဂါရတ်ဘရောင်းနဲ့ ကက်ရှ်တန်တို့က အုတ်ကလာဟိုးမားပြည်နယ်မှာ နေထိုင်ကြတဲ့ ကျောင်းသားလေးတွေပါ။

နေ့လယ်စာစားချိန်မှာ ကက်ရှ်တန်က ကြက်ကြော်စားရင်း တစ်ဆို့သွားလို့ ဂါရတ်ဘရောင်းက ကူညီပေးခဲ့တာပါ။ ဂါရတ်ဘရောင်းဟာ သူကိုယ်တိုင် တစ်ဆို့ချိန်မှာ သူ့အဖေက သင်ပေးထားလို့ Heimlich maneuver လုပ်တတ်နေတာ ဖြစ်ပါတယ်။ သူငယ်ချင်းကို အသက်ကယ်တင်ပေးနိုင်ခဲ့တဲ့ ဂါရတ်ဘရောင်းကို သူတို့ ပတ်ဝန်းကျင်မှာ သူရဲကောင်းအဖြစ် ချီးကျူးနေကြပြီး သူရဲကောင်းဆု ချီးမြှင့်ခံခဲ့ရပါတယ်။

Ref:8-Year-Old Oklahoma Boy Saves Choking Classmate With Heimlich Maneuver

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top