မက္ကဆီကိုနိုင်ငံမှာ လိပ်ပြာကျွမ်းကျင်သူတစ်ယောက် ၁၀ ရက်ကျော် ပျောက်ဆုံးနေ

yyl-023-14.jpg

သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားတဲ့ ဧကရာဇ်လိပ်ပြာ ကျွမ်းကျင်ပညာရှင်တစ်ယောက် ရက်သတ္တပတ်ကျော် ပျောက်ဆုံးနေလို့ မက္ကဆီကိုနိုင်ငံမှာ စိုးရိမ်ပူပန်နေကြပါတယ်။ အသက် ၅၀ အရွယ်ရှိတဲ့ ဟိုမီရိုဂိုမက်ဇ်ဟာ မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း မီချိုအာကန်ပြည်နယ်မှာ လိပ်ပြာစခန်းတစ်ခု ဖွင့်လှစ်ထားသူပါ။ မီချိုအာကန်ပြည်နယ်ဟာ ဆူပူအကြမ်းဖက်သည့် ရာဇဝတ်ဂိုဏ်းတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ဒေသပါ။ ဂိုမက်ဇ်ဟာ ဧကရာဇ်လိပ်ပြာတွေ ခိုလှုံရာဖြစ်တဲ့ ဒေသတွင်းသစ်တောကို ထိန်းသိမ်းစောင့်ရှောက်နေသူပါ။ အဲဒီအတွက် တရားမဝင် သစ်ခုတ်သမားတွေက သူ့ကို ပစ်မှတ်ထားတိုက်ခိုက်ကြတာလားဆိုပြီး အခွင့်အရေးအဖွဲ့ တွေက စိုးရိမ်နေကြပါတယ်။

ဂိုမက်ဇ်ကို ဇန်နဝါရီလ ၁၃ ရက်က နောက်ဆုံးမြင်တွေ့ခဲ့ရတာပါ။ မက္ကဆီကိုနိုင်ငံမှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပျောက်ဆုံးသူ ၆၀၀၀၀ ရှိပါတယ်။ ပျောက်ဆုံးသူအများစုကတော့ မက္ကဆီကိုနိုင်ငံရဲ့ ဒေသတော်တော်များများကို ထိန်းချုပ်ထားတဲ့ ဒုစရိုက်ဂိုဏ်းများရဲ့ သားကောင်ဖြစ်ခဲ့ရပါတယ်။ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုကအစ ငွေညှစ်တာ၊ သစ်ခုတ်တာ၊ မိုင်းတူးဖော်တာ အစရှိတဲ့ တရားမဝင်လုပ်ငန်းတွေ ဆောင်ရွက်လေ့ရှိတဲ့ ဒုစရိုက်ဂိုဏ်းတွေက သူတို့လုပ်ငန်းကို တားဆီးလာသူတွေကို သတ်လေ့ရှိပါတယ်။ ဂိုမက်ဇ် တည်ထောင်ထားတဲ့ အယ်ရိုဆာရီယို လိပ်ပြာစခန်းဟာ မက္ကဆီကိုနိုင်ငံရဲ့ အကြီးဆုံး ဧကရာဇ်လိပ်ပြာစခန်းတစ်ခုပါ။ ဂိုမက်ဇ်ကတော့ စိုက်ပျိုးရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top