လူငယ် ၅ သန်းကို ကုဒ်ရေးတဲ့ပညာ သင်ကြားပေးမယ်လို့ ယူအေအီးနိုင်ငံ ကြေညာ

yyl-024-15.jpg

နိုင်ငံ ၅၀ ရဲ့ ချို့တဲ့နွမ်းပါးတဲ့ ဒေသတွေမှာ နေထိုင်တဲ့ လူငယ်ငါးသန်းကို ကုဒ်ရေးတဲ့ပညာ (coding)သင်ကြားပေးမယ့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်သစ်တစ်ရပ်ကို ယူအေအီးနိုင်ငံက ကြေညာခဲ့ပါတယ်။ Global Coder လို့ အမည်ပေးထားတဲ့ အဲဒီစီမံကိန်းဟာ ကမ္ဘာပေါ်တွင် ကုဒ်ရေးတဲ့ပညာ သင်ကြားမှုနဲ့ပတ်သက်ပြီး အကြီးဆုံး စီမံကိန်းဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ယူအေအီးနိုင်ငံက ဒီစီမံကိန်းအကြောင်း ကြေညာခဲ့တာပါ။

ယူအေအီးဘုရင်၏ ညွှန်ကြားချက် အရ ယူအေအီးနိုင်ငံ ဒုတိယသမ္မတနှင့် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည့် ဒူဘိုင်းစော်ဘွား အယ်မောက်တွမ်က MBRGI စီမံကိန်းကို ကြေညာခဲ့တာဖြစ်ပါတယ်။ ကုဒ်ရေးတဲ့ပညာ သင်ကြားမှု ပြီးမြောက်အောင်မြင်တဲ့ လူငယ်တွေကို အသိအမှတ်ပြု လက်မှတ်ပေးအပ်မှာပါ။ ဒါဟာ သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါများစေမည့် အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ ဝင်ငွေနည်းပါးတဲ့ ဒေသတွေက လူငယ်တွေရဲ့ အနာဂတ်တောက်ပစေဖို့အတွက်
အနာဂတ်ဘာသာစကားလို့ တင်စားနိုင်တဲ့ ကုဒ်ရေးသားမှု အတတ်ပညာ သင်ကြားပေးဖို့ စီစဉ်ခဲ့တာလို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top