ဖင်လန်နိုင်ငံမှာ အမျိုးသားတွေကို အမျိုးသမီးတွေနဲ့တန်းတူ မိဘခွင့်ပေးမယ်

yyl-045.jpg

ဖခင်တွေကို ရင်သွေးတွေနဲ့ အတူနေခွင့် ပိုရစေဖို့အတွက် အမျိုးသားတွေကို အမျိုးသမီးတွေနဲ့တန်းတူ မိဘခွင့်(Parental Leave)ပေးမယ်လို့ ဖင်လန်အစိုးရသစ်က ကြေညာခဲ့ပါတယ်။ လက်ရှိကျင့်သုံးနေတဲ့ စည်းမျဉ်းအရ အမျိုးသမီးတွေကို မီးဖွားခွင့် ၄.၂ လ ပေးထားပြီး အမျိုးသားတွေကို ကလေးအသက် ၂ နှစ် မပြည့်မချင်း ၂.၂ လ ခွင့်ပေးပါတယ်။ ဒါပေမဲ့ ဖင်လန်နိုင်ငံသား ၄ ယောက်မှာ တစ်ယောက်ပဲ မိဘခွင့် ယူကြလေ့ရှိပါတယ်။ မိဘခွင့်စည်းမျဉ်းသစ်အရ ရင်သွေးတစ်ယောက် မွေးဖွားရင် မိခင်နဲ့ ဖခင် ၂ ယောက်ပေါင်း ၁၄ လအထိ ခွင့်ယူနိုင်မှာဖြစ်ပြီး တစ်ဦးကို ခွင့်ရက် ၁၆၄ ရက် ရရှိမှာပါ။

အမျိုးသမီးတွေကတော့ မီးဖွားမယ့်ရက်မတိုင်ခင် တစ်လကြိုပြီး ခွင့်ရက်ရရှိမှာပါ။ တကယ်လို့ မိဘခွင့်ကို တစ်ခါတည်း အပြည့်မယူချင်ဘူးဆိုရင် ခွင့်ရက် ၆၉ ရက်ကို လွှဲပြောင်းခံစားခွင့်ရှိပါတယ်။ ရင်သွေးငယ်တွေကို တစ်ယောက်တည်း ပြုစုပျိုးထောင်နေရသူတွေကတော့ မီးဖွားခွင့်နဲ့ ဖခင်ခွင့် ၂ မျိုးလုံး ခံစားခွင့်ရရှိမှာပါ။ ဥရောပနိုင်ငံတွေထဲမှာတော့ ဆွီဒင်နိုင်ငံက မိဘခွင့် အများဆုံးပေးတဲ့နိုင်ငံဖြစ်ပြီး ရင်သွေးတစ်ယောက် မွေးဖွားရင် မိခင်ကိုရော၊ ဖခင်ကိုပါ ခွင့်ရက် ၂၄၀ စီ ပေးပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top