ဝက်ခြံပေါက်နေတဲ့နေရာတွေက အမွေးအမှင်တွေကိုဘယ်လို ရိတ်ကြမလဲ

sh1-e1551411985586.jpg

အမျိုးသားတွေအတွက် နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးရိတ်တာက ရိုးရှင်းတဲ့အသားအရေထိန်းသိမ်းနည်းတစ်ခုပါပဲ။ ဒါပေမဲ့ မျက်နှာပြင်ပေါ်မှာ ဝက်ခြံပေါက်နေမယ်ဆိုရင်တော့ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးရိတ်ဖို့ ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ အဲဒီလိုဖြစ်လာမယ်ဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတချို့ကို ပြောပြပေးချင်ပါတယ်။

မျက်နှာကို သန့်စင်ပေးပါ
မုတ်ဆိတ်မွေးမရိတ်ခင်မှာ မျက်နှာကို အရင်အတိုင်းပဲ သန့်စင်လိုက်ပါ။ ရေနွေးစိမ်ထားတဲ့မျက်နှာသုတ်ပုဝါကို မျက်နှာပေါ်မှာ အချိန်အနည်းငယ် တင်ထားလိုက်ပါ။ ဒါက သင်ရဲ့အသားအရေကို နူးညံ့စေပြီး မွေးညင်းပေါက်တွေကို ပွင့်သွားစေပါတယ်။

မုတ်ဆိတ်ရိတ်ဆီကို လိမ်းပါ
မုတ်ဆိတ်ရိတ်ခရမ်မ်ကို မလိမ်းခင် မုတ်ဆိတ်ရိတ်ဆီကို အရင်ဆုံး အသုံးပြုပေးပါ။ ဒီလိုလိမ်းလိုက်တာက ဓားရှတာတွေ မဖြစ်စေဘဲ အလွယ်တကူ ချောချောမွေ့မွေ့နဲ့ မုတ်ဆိတ်ရိတ်လို့ အဆင်ပြေစေပါတယ်။ ဆီအနည်းငယ်ကိုသာ အသုံးပြုပြီး နှံ့စပ်အောင် နှိပ်နယ်ပေးရမှာပါ။

အရက်မပါဝင်တဲ့ မုတ်ဆိတ်ရိတ်ခရင်မ်ကို ရွေးချယ်ပါ
သင်ရဲ့ အသားအရေက ဝက်ခြံပေါက်တတ်ရင် အရက်၊ အနံ့တွေ မပါတဲ့မုတ်ဆိတ်ရိတ်ခရမ်ခ်ကို ရွေးချယ်ပါ။ အသားအရေကို နီမြန်းသွားစေနိုင်တာကြောင့် ဓာတုပစ္စည်းတွေ ပါဝင်တဲ့ခရမ်ခ်ကိုလည်း ရှောင်သင့်ပါတယ်။ သဘာဝအဆီအနှစ်တွေနဲ့ ပြုလုပ်ထားတဲ့ ခရင်မ်ကို ရွေးချယ်ပါ။

ကောင်းတဲ့ မုတ်ဆိတ်ရိတ်ဓားကို ရွေးချယ်ပါ
သင်ရဲ့အသားအရေက ထိခိုက်လွယ်တယ်ဆိုရင် ဓားသွားတစ်ခုသာပါတဲ့ သင်တုန်းဓားကို ရွေးချယ်ပါ။ မုတ်ဆိတ်ရိတ်ဓား အသုံးမပြုခင်နဲ့ အသုံးပြုပြီးရင် ဘတ်တီးရီးယားသန့်စင်တဲ့လိုးရှင်းနဲ့ သန့်စင်ပေးပါ။

အမွေးအမှင်ပေါက်တဲ့ပုံစံအတိုင်း ရိတ်ပေးပါ
မုတ်ဆိတ်ရိတ်တဲ့အခါ အမွေးအမျှင်ပေါက်တဲ့ပုံစံအတိုင်း လိုက်ပြီးရိတ်ပေးပါ။ ဒါမှ ချောချောမွေမွေနဲ့ ရိတ်လို့ အဆင်ပြေမှာပါ။ ဝက်ခြံကို မထိအောင်တော့ ဂရုစိုက်ပေးပါ။

ရေနဲ့သန့်စင်ပေးပါ
မုတ်ဆိတ်မွေးရိတ်ပြီးသွားရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ရမှာပါ။ အရမ်းကြီး ကပ်စေးစေးဖြစ်နေရင်တော့ နူးညံ့တဲ့မျက်နှာသစ်ဆေးကို အသုံးပြုပါ။ အဲဒီနောက် သင့်အသားအရေကို ရေဓာတ်ဖြည့်ပေးဖို့အတွက် moisturiser ကို အသုံးပြုပေးရမှာ ဖြစ်ပါတယ်။

အခုပြောပြသွားတဲ့နည်းလမ်းတွေအတိုင်း တစ်ဆင့်ပြီး တစ်ဆင့် ဂရုတစိုက်လုပ်ဆောင်မယ်ဆိုရင် ဝက်ခြံပေါက်နေရင်တောင် မုတ်ဆိတ်မွေးရိတ်ရတာ အဆင်ပြေသွားစေနိုင်ပါတယ်။

Ref: How to shave if you have acne
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top