နှုတ်ခမ်းလှီးကြဦးမလား၊ လှချင်သူများ

lip1.png

ခန္ဓာကိုယ် အလှအပ ပြုပြင်တဲ့ နည်းပညာတွေထဲမှာ နောက်ထပ်ခေတ်စားလာတာ  တစ်မျိုးကတော့ နှုတ်ခမ်းသားတွေကို ခွဲစိတ်ပြီး ပါးပါးလျလျ ဖြစ်အောင် ပြုပြင်တဲ့ ကုထုံးပါပဲ ။

ဒီမတိုင်ခင်ကတော့ နှုတ်ခမ်းသားတွေကို ထူထူပြည်ု့ပြည့်ကလေး ဖြစ်အောင် ခွဲစိတ်ကုသ ကြတဲ့ နည်းက ခေတ်စားခဲ့ပါတယ်။ အမေရိကန်နိုင်ငံက ပလတ်စတစ် ဆာဂျရီ ပညာရှင်များ အသင်းရဲ့ စာရင်းပြုစုချက်အရတော့ ၂၀၀၀ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အကြားမှာ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လာခဲ့ပါသတဲ့။ ဒါပေမဲ့ အခု နောက်ပိုင်းမှာတော့ နှုတ်ခမ်းပါးပါးလေး ဖြစ်အောင် ခွဲစိတ်ကုသတာတွေဟာ တဖြည်းဖြည်းနဲ့ ရေပန်းစားလာခဲ့ပါတယ်။ ဒီနည်းကတော့ နှုတ်ခမ်း အပြင်သားတွေကို ခွဲစိတ်ပြီး ဖြတ်တောက် လှီးထုတ်ပစ်တဲ့ နည်းပါ။ ဖြတ်ထုတ်ယူရမယ့် နှုတ်ခမ်းသား တစ်ရှူးပမာဏ ပေါ်မူတည်ပြီး နှုတ်ခမ်းတစ်ဖက်ကို ခွဲစိတ်ချိန် ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိ ကြာတတ်ပါသတဲ့။

နှုတ်ခမ်းခွဲစိတ်တဲ့ ကုန်ကျစရိတ်ကလည်း မနည်းလှပါဘူး။ သာမန်အားဖြင့် ဒေါ်လာ ၁၀၀၀ ကနေ ဒေါ်လာ ၃၀၀၀ နီးပါး ရှိတတ်ပြီး အမေရိကန်နိုင်ငံ၊ နယူးယောက်ခ်မှာ ခွဲစိတ်ကုသမှု ခံယူမယ်ဆိုရင်တော့ ဒေါ်လာ ၇၀၀၀ အထက် ကုန်ကျသွားနိုင်ပါသတဲ့။ ဒီလို ခွဲစိတ်တဲ့ အခါ ရလာမယ့် ဒဏ်ရာက မခံရပ်နိုင်အောင် နာကျင်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ခွဲစိတ်ထားပြီး တစ်ပတ်လောက် ကြာတဲ့ အထိ ဝါးရ လွယ်ကူ ပျော့ပျောင်းတဲ့ အစားအသောက်တွေကိုသာ စားဖို့ ဆရာဝန်တွေက အကြံပြုတတ်ကြပါတယ်။


Ref: Allure: “Lip Reduction Is the New Plastic Surgery Trend — Yes, Really”

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top