မိုးရာသီအတွင်း အိမ်မှာအလွယ်တကူ ရနိုင်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ အသားရေထိန်းသိမ်းကြမယ်

20-8-2020-yyl-031.jpg

မိုးတွင်းကာလအတွင်း စိုစွတ်မှုပမာဏများလာတဲ့အတွက် ကျွန်တော်တို့အသားရေက ယားယံတာနဲ့ ဝက်ခြံပေါက်တာတွေလို့ ပိုးဝင်တာမျိုးတွေ အလွယ်တကူဖြစ်နိုင်ပါတယ်။ မိုးရာသီမှာ ဝက်ခြံနဲ့အတူ အသားရေကလည်း မဲညစ်တဲ့ပုံပေါက်လာပြီး အဆီပြန်လာတက်ပါတယ်။ မိုးတွင်းကာလမှာ တွေ့ကြုံရတဲ့ ဒီလိုအသားရေပြဿနာတွေကို တွန်းလှန်ဖို့အတွက် အရေပြားကျွမ်းကျင်ပညာရှင်တစ်ယောက်က နည်းလမ်းတချို့ကို ပြောပြထားပါတယ်။

အိမ်မှာ အလွယ်တကူရနိုင်တဲ့ ပါဝင်ပစ္စည်းတချို့နဲ့ အသားရေထိန်းသိမ်းနည်းကို မျှဝေခဲ့တာဖြစ်ပါတယ်။ အဲဒီအရေပြားပညာရှင် တစ်ယောက်မျှဝေထားတာက အိမ်မှာ မီးဖိုချောင်ထဲဝင်လိုက်တာနဲ့ ဘယ်သူမဆို အာလူးကို အလွယ်တကူရှာတွေ့နိုင်ပါတယ်။ အာလူးကလည်း အသားရေအတွက် တကယ်ကို ထိရောက်ပါတယ်။ မျက်ကွင်းညိုတာအတွက် ကောင်းမွန်တဲ့အပြင် အသားရေမဲညစ်တာကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒိန်ချဉ် (လက်ဖက်ရည်ဇွန်း (၁) ဇွန်း) ယူပြီး ဆား (လက်မလောက်)၊ သံပရိုရည်အနည်းငယ်၊ essential oil တို့ကို ဒိန်ချဉ်ထဲထည့်ပြီး သမအောင်ရောမွှေလိုက်ပါ။ အဲဒီအရောနှောကို မျက်နှာတစ်ပြင်လုံးလိမ်းပြီး ပါးပါးလှီးထားတဲ့ အာလူးတွေကို မျက်နှာမှာကပ်ထားလိုက်ရမှာ ဖြစ်ပါတယ်။ (၁၅-၂၀) မိနစ်အကြာမှာ မျက်နှာသန့်စင်ပေးလိုက်ရုံပါပဲ။

ဆန်မှုန့်ကိုလည်း Scrub အနေနဲ့ အသုံးပြုလို့ရပါတယ်။ အသားရေက အညစ်အကြေး၊ အဆီနဲ့ မသန့်စင်တာတွေအားလုံးကို ဖယ်ရှားပစ်ဖို့အတွက် အကူအညီပေးပါလိမ့်မယ်။ ဒါကြောင့် ဆန်မှုန့်၊ ရှားစောင်းလက်ပက်ဂျယ်လ်တို့ကို လက်ဖက်ရည်ဇွန်း (၁) ဇွန်းစီယူပြီး ဆား (လက်မလောက်)၊ လာဗင်ဒါအဆီ (၂) စက်တို့နဲ့ ရောစပ်လိုက်ပါ။ အဲဒီအရောအနှောကို မျက်နှာမှာ လိမ်းပြီး (၅-၁၀) မိနစ်လောက် အချိန်ပေးပြီး ဖြည်းဖြည်းသာသာလေး လက်နဲ့ ပွတ်ပေးပါ။ (၁၀-၁၅) မိနစ်လောက် မျက်နှာကို ပွတ်ပြီး နှိပ်နယ်ပေးပြီးနောက် မျက်နှာသန့်စင်ပေးလိုက်ရမှာဖြစ်ပါတယ်။ အဲဒီနည်းကို လုပ်ပြီးသွားရင် မျက်နှာမှာ moisturiser လိမ်းပေးဖို့ မမေ့ပါနဲ့။

အသားရေကြည်လင်ပြီး အေးမြသွားဖို့အတွက် အသားရေထိန်းသိမ်းတဲ့နေရာမှာ မပါမဖြစ်ပါဝင်တဲ့ သခွားသီးကို အသုံးပြုလို့ရပါတယ်။ သခွားသီးကို ခြစ်ပြီး အဲဒီအထဲကို သံပရိုရည်အနည်းငယ်ရောထည့်လိုက်ပါ။ အဲဒီအရောအနှောကို မျက်နှာမှာ (၁၀-၁၅) မိနစ်လောက် လိမ်းထားပြီး မျက်နှာသန့်စင်ပေးလိုက်ပါ။ သံပုရိုသီးက အသားရေကို ကြည်လင်အောင်၊ အသားရေတင်းရင်းအောင်ကူညီပေးတဲ့အပြင် သခွားသီးက အသားရေကို အေးမြစေပါတယ်။

မီးဖိုချောင်မှာ ရနိုင်တဲ့ နောက်ထပ်ပစ္စည်းက ခရမ်းချဉ်သီးပါပဲ။ ခရမ်းချဉ်သီးကို စိပ်ပြီး အဲဒီပေါ်မှာ သကြား (သို့) ဆားအနည်းငယ်ထည့်ပြီး မျက်နှာတစ်ခုလုံးကို ဖြည်းဖြည်းသာသာလေး ပွတ်တိုက်ပေးပါ။ ဒီနည်းက ချွေးပေါက်တွေ နည်းသွားအောင်ကူညီပေးမှာဖြစ်တဲ့အပြင် အရေပြားဆဲလ်အသေတွေကိုလည်း ဖယ်ရှားပေးပါတယ်။

Ref: Keep your skin glowing during the monsoon with these kitchen ingredients

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top