MPT ရဲ့ (၇) ကြိမ်မြောက် နှလုံးသားထဲက မြန်မာ စုပေါင်းသွေးလှူဒါန်းပွဲ

mpt.jpg

MPT ရဲ့ (၇) ကြိမ်မြောက် နှလုံးသားထဲက မြန်မာ စုပေါင်းသွေးလှူဒါန်းပွဲအနေနဲ့
ရန်ကုန်တိုင်းအတွင်းရှိ အမျိုးသားသွေးဌာနအပါအဝင် ပြည်နယ်နှင့်တိုင်း(၁၇)နေရာတွေက ဆေးရုံများမှာ MPT ဝန်ထမ်းတွေနဲ့ နိုင်ငံတစ်ဝှမ်းက စေတနာသွေးလှူရှင်တွေ စုစုပေါင်း (၁,၁၀၀) ကျော်က ၂၀၁၉ ခုနှစ် မတ်လ (၁၅) ရက်နေ့မှာ သွေးလှူဒါန်းခဲ့ကြပါတယ်။

သွေးလှူဒါန်းပွဲ ကို ရန်ကုန်မှ MPT ဝန်ထမ်းတွေက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ၊ ဗိုလ်ချုပ်မွေးနေ့ ကို ဂုဏ်ပြုတဲ့အနေနဲ့ (၄၅) ဦးကျော်မှ စတင်လှူဒါန်းခဲ့ပါတယ်။ နိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းပွဲ ၂၀၁၇ ခုနှစ် စတင်လှူပ်ရှားလာခဲ့ပြီး အခုဆိုရင် (၇) ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။ အခု (၇) ကြိမ်မြောက် စူပေါင်းသွေးလှူဒါန်းပွဲမှာ နိုင်ငံတစ်ဝှမ်းက MPT ဝန်ထမ်းဦးရေ (၆၀၀) ကျော်နဲ့ စေတနာသွေးလှူရှင် ပေါင်း (၅၀၀) ကျော် တို့ပါဝင် လှူဒါန်းခဲ့တာဖြစ်ပါတယ်။

နိုင်ငံတစ်ဝှမ်းလုံး အတိုင်းတာအရ သွေးလီတာပေါင်း (၁,၀၀၀) ခန့် ကို အခုအချိန်မှာလည်း MPT နဲ့ နိုင်ငံတစ်ဝှမ်းက စေတနာသွေးလှူရှင်များ လူမှုရေးအဖွဲ့အစည်းတွေက စုပေါင်း လှူဒါန်းနိုင်ခဲ့ပါတယ်။ သွေးလှူဒါန်းမှှုပြုလုပ်ခဲ့တဲ့ တိုင်းနှင့်ပြည်နယ်က နေရာ (၁၇) ခုမှ ဆေးရုံးတွေနဲ့ အမျိုးသား သွေးဌာနမှာ တစ်ပြိုင်နက်တည်း စုပေါင်းလှူဒါန်းခဲ့ပါတယ်။

သွေးလှူဒါန်းပွဲရဲ့ ရည်ရွယ်ချက်များ

  • လူ့ခန္မာကိုယ် အတွက်အရေးကြီးပြီး ခွဲစိတ်ကုသမှုတိုင်း အတွက်သာမက သွေးကင်ဆာဝေဒနာရှင် များ၊ သွေးမတိတ်ရောဂါဝေဒနာရှင်များနှင့် သွေးသွင်းကုသရန်လိုအပ်နေတဲ့ လူနာတိုင်းအတွက် သွေးနဲ့ အသက်ကယ်ဆယ်နိုင်ရန်။
  • လိုအပ်ချက်မြင့်တက်နေဆဲ ဖြစ်တဲ့ သွေးပမာဏကိုဖြည့်တင်းပေးနိုင်ရေးအတွက် စုပေါင်းအင်အားနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း ထောက်ပံ့ပေးနိုင်ရန်။
  • နိုင်ငံတစ်ဝှမ်းက ပြည်သူတွေအားလုံးအတူတကွနဲ့ အမွန်မြတ်ဆုံးသော သွေးအလှူကို MPT ဝန်ထမ်းတွေနဲ့ စုပေါင်းပါဝင်လှူဒါန်းနိုင်ကြစေရန်။

လှူဒါန်းခဲ့ပြီးတဲ့ သွေးလှူဒါန်းမှု အချက်အလက်များ

  • သွေးလှူဒါန်းပွဲကို ၂၀၁၇ခုနှစ် မတ်လမှ စတင်လှူဒါန်းခဲ့ပြီး ၂၀၁၈ခုနှစ် နိုဝင်ဘာလမှာ (၆) ကြိမ်မြောက် ကျင်းပနိုင်ခဲ့ ပြီးဖြစ်ရာ MPT ဝန်ထမ်းတွေနဲ့ နိုင်ငံတစ်ဝှမ်းက စေတနာရှင် သွေးလှူဒါန်းသူ စုစုပေါင်း (၃၀၀၀) ကျော်ခန့် ကို လှူဒါန်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
  • လှူဒါန်းထားခဲ့ပြီးတဲ့ သွေးအိတ်တွေကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းက ဆေးရုံတွေနဲ့ အမျိုးသားသွေးဌာန ကလိုအပ်သော နေရာတွေနဲ့ လူနာများကို ဖြန့်ဝေခဲ့ပါတယ်။
  • MPT မှ ဝန်ထမ်းတွေနဲ့ နိုင်ငံတစ်ဝှမ်းက သွေးလှူရှင်းတွေကို MPT မှအာဟာရတွေနဲ့ တီရှပ်တွေကို ထောက်ပံ့ပေးခဲ့ပါတယ်။

သွေးလှူဒါန်းမည့် နေရာများ

  • စစ်ကိုင်း၊ မုံရွာအထွေထွေဆေးရုံကြီး၊ ဗိုလ်ချုပ်လမ်း၊ ဒေါနရပ်ကွက်၊ မုံရွာ
  • ပဲခူး (အရှေ့) အထွေထွေဆေးရုံ ကုတင် (၅၀၀)၊ ရုံးကြီးရပ်ကွက်၊ ပဲခူး
  • ပဲခူး (အနောက်) အထွေထွေဆေးရုံ ကုတင် (၅၀၀)၊ အောင်ဆန်းလမ်း၊ ပြည်သာယာရပ်ကွက်၊ ပြည်
  • ဧရာဝတီ အထွေထွေဆေးရုံကြီး၊ မင်းကြီးလမ်း၊ (၄) ရပ်ကွက်၊ ပုသိမ်
  • တနင်္သာရီ အထွေထွေဆေးရုံကြီး၊ ဆေးရုံလမ်း၊ ညောင်ရမ်းတောင်ရပ်ကွက်၊ ထားဝယ်
  • မကွေး အထွေထွေဆေးရုံကြီး၊ ပြည်တော်သာအိမ်ယာ၊ ဆေးရုံရပ်ကွက်၊ မကွေး
  • မန္တလေး ဗဟိုအမျိုးသမီးဆေးရုံ၊ လမ်း (၃၀)၊ ၆၈လမ်းနှင့် လမ်း ၇၀အကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး
  • နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၊ ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော် (၀၆၇၃၄၂၁၄၆၈)
  • ကယား အထွေထွေဆေးရုံကြီး၊ စည်သူလမ်း၊ မင်းစုရပ်ကွက်၊ လွိုင်ကော်
  • ကရင် အထွေထွေဆေးရုံကြီး၊ (၁) ရပ်ကွက်၊ ဆေးရုံလမ်း၊ ဖားအံ
  • မွန် အထွေထွေဆေးရုံကြီး၊ ဦးဇိနဘုရားလမ်း၊ ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်
  • ရခိုင် အထွေထွေဆေးရုံ ကုတင် (၅၀၀)၊ လမ်းမကြီး၊ ကျေးပင်ကြီးရပ်ကွက်၊ စစ်တွေ
  • ရှမ်း(တောင်) စဝ်စံထွန်းဆေးရုံကြီး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စဝ်စံထွန်းရပ်ကွက်၊ တောင်ကြီး
  • ရှမ်း(မြောက်) အထွေထွေဆေးရုံကြီး၊လမ်းမတော်၊ (၁) ရပ်ကွက်၊ လားရှိုး
  • ကချင်အထွေထွေဆေးရုံကြီး၊ ဆွန်ပရာဘွမ်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊ ဒူခတောင် ရပ်ကွက်၊ မြစ်ကြီးနား
  • ရန်ကုန် အမျိုးသားသွေးလှူဘဏ်၊ အမှတ် (၉၇)၊ ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်
  • ရှမ်း(အရှေ့)အထွေထွေဆေးရုံကြီး (ကျိုင်းတုံ)၊ မိုင်းဇင်ရွာဒေသ၊ ဟဲခါးရွာ၊ ကျိုင်းတုံ
  • အထွေထွေဆေးရုံကြီး (တာချီလိတ်) ဂေါက်ကွင်းလမ်း၊ မဲခေါင်ရပ်ကွက်၊ တာချီလိတ်

ရန်ကုန်မှ ပူးပေါင်းပါဝင်ခဲ့သောအဖွဲ့အစည်းများ

  • မေတ္တာဖြင့် သွေးလှူရှင်များ အဖွဲ့
  • အမေစုရဲ့ ထိန်ထိန်သာ
  • နှလုံးလှ သွေးလှူရှင်များ အဖွဲ့
  • မြတ်နိဗ္ဗာန် သစ်ပင်စိုက်ပျိုးလှူဒါန်းရေး အဖွဲ့
  • လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်တိုင်း)
  • မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ (ရန်ကုန်တိုင်း)
  • ရှင်သန်ခွင့်လူမှုကူညီူကယ်ဆယ်ရေးအဖွဲ့

တိုင်းနှင့်ပြည်နယ်များတွင် ပူပေါင်းပါဝင်ခဲ့သောအဖွဲ့အစည်းများ

  • East Boy
  • ပြည်နယ်သွေးလှူရှင်များအဖွဲ့ (ကချင်ပြည်နယ်)
  • အစ္စလာမ်လူငယ်အဖွဲ့
  • Power Mobile အဖွဲ့
  • ABC Group
  • အလင်းစေတမန် သွေးလှူရှင်များ
  • ZTE Group
  • Public
  • Students
  • Government Departments အစရှိတဲ့ အဖွဲ့အစည်းတွေ ပါဝင်ခဲ့တယ်လို့ သိရှိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top