အသက် (၂၀) ကျော်အရွယ်နဲ့ မီလျံနာဖြစ်နေတဲ့ အနုပညာရှင်များ

JL.jpg

ကမ္ဘာတစ်ဝန်းက အနုပညာရှင်တွေဟာ လူတိုင်းလေးစားအားကျရတဲ့ ဘဝတွေပိုင်ဆိုင်ထားကြပါတယ်။

သူတို့သွားလေရာမှာ စောင့်မျှော်နေတဲ့ ပရိသတ်တွေထောင်သောင်းချီရှိနေပြီး သူတို့ရဲ့ ကျော်ကြားမှုတွေက ပြောမကုန်အောင်ပါ။သူတို့ကနှိုင်းဆလို့မရအောင်ချမ်းသာပါတယ်။ဒီလိုချမ်းသာဖို့အတွက် ကြိုးစားရုန်းကန်လာခဲ့ရတဲ့ အနုပညာရှင်တွေလည်းရှိပါတယ်။အသက် ၂၀ ကျော်အရွယ်လေးနဲ့ မီလျံနာဖြစ်နေတဲ့ အနုပညာရှင်တွေကိုကြည့်ရအောင်…

၁။ ဂျနီဖာ လော့ရန့်စ်

– ဒေါ်လာ ၇၅ သန်း ဂျနီဖာရဲ့လက်စွဲစကားက “ကျွန်မရဲ့ သမိုင်းကို ကျွန်မရေးခွင့်ရှိတယ် ဒီအချက်ကိုပဲ ကျွန်မအာရုံစိုက်ပါတယ်”ဆိုတာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် ဂျနီဖာက ဘယ်လိုလူမျိုးဆိုတာ ကျွန်တော်တို့ ခန့်မှန်းကြည့်လို့ရပါတယ်။သူမက အရမ်းတော်တဲ့ သရုပ်ဆောင် မင်းသမီးဖြစ်သလို ဇာတ်ကားတိုင်းမှာ ကျရာအခန်းကဏ္ဍကနေ သရုပ်ဆောင်နိုင်သူပါ။အသက် ၂၇ နှစ်အရွယ်နဲ့ ဒေါ်လာ ၇၅ သန်းပိုင်ဆိုင်နိုင်ပြီး အကယ်ဒမီဆုကိုဆွတ်ခူးနိုင်တာက အံ့ဩစရာပါ။

၂။ The Weekend

– ဒေါ်လာ သန်း ၉၀ ပညာရေးမှာ အားကျ အတုယူစရာ မရှိတာတောင်မှပဲ အောင်မြင်မှုတစ်ခုကို ဆွတ်ခူးနိုင်ခဲ့သူပါ။သူ့ရဲ့ အသံနဲ့ ဂီတလမ်းကြောင်းဆီချဉ်းကပ်ပုံက အများနဲ့မတူကွဲပြားပါတယ်။

သူ့ရဲ့သူငယ်ချင်းတွေနဲ့ မိသားစုတွေ ပြောကြားချက်အရ သူက ပါရမီရှင်တစ်ယောက်ဖြစ်ပါတယ်တဲ့။ သူ့ရဲ့ချစ်ဖို့ကောင်းတဲ့ စရိုက်ကြောင့် မိန်းကလေးတွေ အသည်းကျော်လည်းဖြစ်နေပါတယ်။အသက် ၂၇ နှစ်မှာ သူ့ရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ သန်း ၉၀ ရှိပါတယ်။

The Weekend

၃။ ဂျပ်စတင်ဘီဘာ

– ဒေါ်လာ ၂၄၅ သန်း ဂျပ်စတင်ဘီဘာက အသက်အငယ်ဆုံးနဲ့ အအောင်မြင်ဆုံးအဆိုတော်ပါ။အသက် ၂၃ နှစ်အရွယ်နဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ ၂၄၅သန်းရှိနေပါပြီ။

ဒီလောက်ပမာဏနဲ့ဆိုရင်ဘာအလုပ်မှမလုပ်တော့ဘဲဇိမ်နဲ့နေလို့ရပါပြီ။ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားပြီး ဘဝမှာ အဆင်မပြေတဲ့အချိန်တွေရှိခဲ့ပေမယ့် ဒါကပဲ သူ့ကို ပိုပြီးစိတ်ဓာတ်ခိုင်မာလာစေအောင် ပံ့ပိုးပေးခဲ့ပါတယ်။

JB

၄။ ရီဟားနား(Rihanna)

-ဒေါ်လာ သန်း ၂၃၀ ရီဟားနား(Rihanna)ဟာ လှပပြီး ဆွဲဆောင်မှုရှိတဲ့ အဆိုတော်ဖြစ်သလို သူမရဲ့ ကြွယ်ဝချမ်းသာမှုက နိုင်ငံအချို့ရဲ့ ပိုင်ဆိုင်မှုထက်တောင်ပိုများပါတယ်။

rn

၅။ အက်ဒ်ရှာရန်(Ed Sheeran)

– ဒေါ်လာ ၆၈ သန်း အက်ဒ်ရှာရန်(Ed Sheeran) က ဂစ်တာတီးအရမ်းတော်သလို အချစ်သီချင်းကောင်းလေးတွေ ခံစားရေးဖွဲ့ရတာ နှစ်သက်သူပါ။သဘောထားအရမ်းကောင်းသူဖြစ်လို့ သူငယ်ချင်းတွေကအရမ်းချစ်ကြပါတယ်။သူ့ရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ ၆၈ သန်းရှိပါတယ်။

ed

၆။ ခရစ်စတင်း စတီးဝပ်(Kristen Stewart)

– ဒေါ်လာ သန်း ၇၀ ခရစ်စတင်း(Kristen) က အရမ်းချောတဲ့မင်းသမီးဖြစ်လို့ ဘယ်နေရာသွားသွား လူတွေရဲ့အာရုံကိုဖမ်းစားနိုင်သူပါ။

အသက် ၂၇ နှစ်အရွယ်နဲ့ ကျော်ကြားအောင်မြင်မှုတွေရရှိထားပြီး ဒေါ်လာ သန်း ၇၀ ကိုလည်းပိုင်ဆိုင်ထားပါတယ်။သူမရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုကို Twilight ဇာတ်ကားနဲ့တင် သိရှိနိုင်ပါတယ်။

CS

၇။ Emma Watson

– ဒေါ်လာ သန်း ၆၀ ဟယ်ရီပေါ်တာ(Harry Potter)ဇာတ်လမ်းတွဲနဲ့ သူမရဲ့ အခန်းကဏ္ဍကိုပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Emma Watson က ထူးခြားတဲ့သရုပ်ဆောင်စွမ်းရည်ကိုပိုင်ဆိုင်ထားသူပါ။ဒေါ်လာ သန်း ၆၀ ပိုင်ဆိုင်ထားတဲ့သူမကတော့ သွားလေရာမှာ စိတ်ချမ်းသာနေမှာပါ။

EW

၈။ ဒန်နီရယ် ရက်ကလစ်ဖ်(Daniel Radcliffe)

-ဒေါ်လာ သန်း၁၁၀ ဟယ်ရီပေါ်တာ(Harry Potter) ဇာတ်လမ်းတွဲရဲ့ ဇာတ်ဆောင်မင်းသား ဒန်နီရယ်လ်(Daniel)က အခုဆို အသက် ၂၄ နှစ်ရှိပါပြီ။ဒီအရွယ်လေးနဲ့သူ့ရဲ့ချမ်းသာကြွယ်ဝမှုက ဒေါ်လာ သန်း ၁၁၀ ပါ။

DR

၉။ Miley Cyrus

– ဒေါ်လာ သန်း ၁၆၀ မိုင်လေးဆိုင်းရပ်စ်(Miley Cyrus) က Hannah Montana ဟာသဇာတ်လမ်းတွဲတွေနဲ့အောင်မြင်ခဲ့သူပါ။ဂီတမှာရော သရုပ်ဆောင်ပိုင်းမှာပါ တော်တဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေသူပါ။

၁၀။ Taylor Swift

– ဒေါ်လာ သန်း ၂၉၀ တေလာဆွစ်ဖ်(Taylor Swift) က ယနေ့ဂီတလောကမှာ ရေပန်းအစားဆုံးပါပဲ။သူမကို Follow လုပ်ထားတဲ့ ပရိသတ်အရေအတွက်မျိုးက ဘယ်အနုပညာရှင်မှာမှမရှိပါဘူး။သူမရဲ့ သီချင်းတွေနဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေကိုဆွဲဆောင်ထားနိုင်သူပါ။

TS

၁၁။ Adele

– ဒေါ်လာ ၁၃၅ သန်း သူမရဲ့ အံ့အားသင့်ဖွယ်ကောင်းတဲ့ အသံနဲ့ ဂီတလောကကို လွှမ်းမိုးထားသူတစ်ယောက်ပါ။သူမက ဂီတမှာတကယ့်ပါရမီရှင် တစ်ယောက်ဖြစ်ပြီး ဒေါ်လာ ၁၃၅ သန်းပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

Adele

Ref: www.millionairessaying.com/celebrities-held-a-bank-account…/
May Moe(YYL)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top