သက်တောင့်သက်သာရှိစွာနဲ့ Mascara တွေကိုဖျက်နည်း

mb.jpg

ညအချိန် မျက်လုံးကမိတ်ကပ်တွေကို ဖျက်ပစ်ခြင်းဟာ သင့်မျက်လုံးလေးတွေကို

ကျန်းမာရေး ကောင်းမွန်စေဖို့အတွက် အရမ်းအရေးကြီးပါတယ်။ Mascara က မျက်လုံးတွေကို ပိုတောက်ပစေပြီး မျက်တောင်လေးတွေကို ပိုမိုရှည်လျားထူထဲစေပါတယ်။ ဒါပေမယ့် ဒါတွေကို သေသေချာချာတော့ ဖျက်ပေးသင့်ပါတယ်။

ညဘက်မှာ Mascara များကို ဖျက်မပစ်ခြင်းဟာ မျက်လုံးနဲ့ မျက်တောင်များအတွက် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ Mascara မှာ paraben, aluminum powder, propylene glycol, retinyl acetate တို့ကဲ့သို့ ဓာတုပစ္စည်းတွေပါဝင်ပါတယ်။ Mascara ကို မဖျက်ဘဲ အိပ်စက်ခြင်းဟာ မျက်တောင်များကို ကျွပ်ဆတ်ပြီး ကျိုးလွယ်စေပါတယ်။ ဘတ်တီးရီးယား ပေါက်ဖွားမှုကိုလည်း များလာစေပါတယ်။

မျက်လုံးကို မိတ်ကပ်လိမ်းခြယ်ရာမှာ Mascara မပါရင် မပြည့်စုံနိုင်ပါဘူး။ Mascara အသုံးပြုပေးခြင်းဖြင့် မျက်လုံးကို လှပအသက်ဝင်စေပါတယ်။ မျက်တောင်လေးတွေကို ပိုမိုရှည်လျားအောင် ပိုထူလာအောင် လုပ်ဆောင်ပေးနိုင်တဲ့ Mascara တွေလည်း အများအပြားရှိပါတယ်။

ဒါပေမဲ့ ဒီကုန်ပစ္စည်းတွေနဲ့အတူ မျက်လုံးတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ရလဒ်တွေလည်း ဝင်လာတတ်ပါတယ်။ ဒါကြောင့် တစ်နေ့တာအကုန်မှာ Mascara တွေကို ဖျက်ပစ်ဖို့ အလွန်ကို အရေးကြီး လှပါတယ်။ Mascara အများစုဟာ ရေနဲ့ဆေးကြောရင် မစင်တတ်တာကြောင့် mascara ဖျက်ရတာကလည်း ထင်သလောက်တော့ မလွယ်လှပါဘူး။ မျက်လုံးတွေကို အားနဲ့ ပွတ်သုတ်ဖျက်ခြင်းမျိုးဟာလည်း မျက်တောင်လေးများကို ကျိုးစေနိုင်တဲ့အတွက် ရှောင်ရှားသင့်ပါတယ်။

ဒါကြောင့် သံလွင်ဆီ၊ baby oil, cold cream နဲ့ makeup remover တို့လိုမျိုး ဘေးကင်းစိတ်ချရတဲ့ ကုန်ပစ္စည်းမျိုးတွေကို အသုံးပြုပေးသင့်ပါတယ်။ ကိုယ့်ရဲ့တန်ဖိုးရှိလှတဲ့ မျက်တောင်လေးတွေ ကျွတ်ထွက်မသွားဘဲ mascara တွေကို ဘယ်လိုဖယ်ရှားကြမလဲဆိုတာ ဆက်ဖတ်ကြည့်ကြရအောင်ပါ။

၁။ Makeup Remover အသုံးပြုခြင်း
mascara ကို ဘေးကင်းစိတ်ချစွာ ဖယ်ရှားနိုင်ဖို့အတွက် makeup remover ကို အသုံးပြုပေးနိုင်ပါတယ်။ ဂွမ်းလုံးလေးပေါ်ကို makeup remover အစက်အနည်းငယ်ချလိုက်ပြီး -မျက်လုံးလေးများကို မှိတ်ထားပြီး mascara ကို ဖျက်ပစ်နိုင်ပါတယ်။  ရေစိုခံတဲ့ mascara ကို အသုံးပြုထားတယ်ဆိုရင်တော့ ဒီအတွက်အထူးပြုထုတ်လုပ်ထားတဲ့ ပစ္စည်းကို သုံးသင့်ပါတယ်။  သွေးယားယံမှု နည်းပါးတဲ့ mascara မျိုးကို အမြဲအသုံးပြုပေးပါ။ ကိုယ့်ရဲ့အသားအရေဟာ အထိခိုက်မခံတဲ့ အသားအရေမျိုးဖြစ်ရင်တောင် အဆင်ပြေစေမှာပါ။

၂။ သံလွင်ဆီ အသုံးပြုခြင်း
mascara လေးတွေကို ဖယ်ရှားဖို့ သဘာဝပစ္စည်းကိုသာ အသုံးပြုချင်တယ်ဆိုရင်တော့ သံလွင်ဆီကို အသုံးပြုနိုင်ပါတယ်။ ဂွမ်းစလေးကို သံလွင်ဆီထဲ နှစ်လိုက်ပြီး မျက်လုံးအပေါ်မှာ မိနစ်အနည်းငယ် တင်ထားပေးပါ။သံလွင်ဆီက mascara များကို ဖယ်ရှားရှင်းလင်းပေးပြီး သုတ်ပစ်ဖို့ ပိုလွယ်ကူစေပါလိမ့်မယ်။ နောက်ဆုံးမှာ ရေနဲ့ ဆေးကြောလိုက်ပါ။သံလွင်ဆီ အသုံးပြုခြင်းရဲ့ နောက်ထပ်အကျိုးကျေးဇူးကတော့ မျက်တောင်လေးများနှင့် မျက်လုံးတစ်ဝိုက်က အသားအရေကို ရေဓာတ်ဖြည့်ပေးပါတယ်။

၃။ Cold Cream အသုံးပြုခြင်း

Cold cream ဟာ ဘယ်လိုမိတ်ကပ်အမျိုးအစား ဖျက်ရာမှာမဆို အလွန်ပဲ ထိရောက်မှုရှိပါတယ်။mascara လေးများကို ဖျက်ပစ်ဖို့ မျက်တောင်လေးများမှာ cold cream အများအပြား အသုံးပြုပေးပါ။ ၅မိနစ်ကြာရင် ဂွမ်းစလေးနဲ့ ဖယ်သုတ်လိုက်ပြီး ရေနဲ့ ဆေးကြောပေးပါ။

၄။ Baby Oil အသုံးပြုခြင်း
Baby oil ဟာ mascara များ ဖယ်ရှားရှင်းလင်းရာမှာ ထိရောက်မှုတဲ့ နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။ ဂွမ်းစလေးကို အသုံးပြုပြီး မျက်တောင်လေးများမှာ baby oil ကို သုတ်လိမ်းပေးပါ။ မိနစ်အနည်းငယ်ကြာရင် သုတ်ပေးလိုက်ပါ။အဆီလေးများကို သေချာစွာ ပြောင်စင်အောင် သုတ်ဖယ်ဖို့ အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင် အညစ်အကြေး၊ အမှုန်အမွှားတွေဟာ မျက်တောင်များမှာ ကပ်တွယ်နိုင်ပါတယ်။

၅။ Coconut Oil အသုံးပြုခြင်း
ဂွမ်းလုံးလေးကို coconut oil ထဲနှစ်ပြီး မျက်တောင်လေးတွေပေါ်မှာ သုတ်လိမ်းပေးပါ။ မိနစ်အနည်းငယ်လောက် ထားပြီးရင် ရေနွေးနွေးနဲ့ ဆေးကြောလိုက်ပါ။

၆။ Baby Shampoo အသုံးပြုခြင်း
ကလေးငယ်များအတွက် ထုတ်လုပ်ထားတဲ့ Baby shampoos များဟာ ပျော့ပျောင်းပြီး mascara ဖျက်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။ ရေစိုအဝတ်တစ်ခုပေါ်မှာ အစက်ချပြီး မျက်တောင်များအပေါ်မှာ သုတ်လိမ်းပေးပါ။ တစ်မိနစ်လောက်နေရင် သုတ်ပစ်လိုက်ပါ။  ရေများများနဲ့ ဆေးကြောပေးပါ။

Htet Htet Tin Zar (ရိုးရာလေး)

Ref : Beauty – Convenient and Effortless Ways to Remove Mascara Safely

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top