အသင်းလက်မဲ့ဖြစ်နေတဲ့ ဂျိုးဟတ်ကို စပါး ခေါ်ယူ

19-8-2020-yyl-026.jpg

အင်္ဂလန်လက်ရွေးစင် ဂိုးသမားဟောင်း ဂျိုးဟတ်ဟာ စပါးအသင်းကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဂျိုးဟတ်ဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ပြီး စာချုပ်ချုပ်ဆိုခဲ့တာပါ။ အဲဒီစာချုပ်အရ ဂျိုးဟတ်ဟာ ဘန်လေမှာ ရခဲ့တဲ့ တစ်ပတ်လုပ်ခ ပေါင်(၅၀၀၀၀)ထက် နည်းပါးမှာဖြစ်ပေမဲ့ ပွဲကစားခွင့် ဆုကြေးငွေ များများစားစား ရမှာပါ။

လိုအပ်လာရင် စပါးအသင်း နံပါတ်(၁)ဦးစားပေး ဂိုးသမား ဟူဂိုလိုရစ်ရဲ့နေရာမှာ အစားဝင်ကစားပေးနိုင်ဖို့အတွက် စပါးအသင်းက ဂျိုးဟတ်ကို ခေါ်ယူခဲ့တာပါ။ ဂျိုးဟတ်ဟာ ပြီးခဲ့တဲ့ဇွန်လအကုန်မှာ ဘန်လေကနေ ထွက်ခွာလာပြီးနောက်ပိုင်း တစ်ဦးတည်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပြီး ဆဲလ်တစ်၊ လိဒ်ယူနိုက်တက်၊ ဘလက်ဘန်း၊ ဒါဘီနဲ့ တူရကီကလပ်တွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply