ချန်ပီယံလိဂ်ဖလားရရင် ဆုဖလားဆွတ်ခူးမှု စံချိန်တင်နိုင်မယ့် ပီအက်စ်ဂျီ

19-8-2020-yyl-025.jpg

ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ဖလား ဗိုလ်စွဲနိုင်ခဲ့ရင် စကော့တလန်ကလပ် ဆဲလ်တစ်အသင်း တစ်သင်းတည်း ရရှိခဲ့ဖူးတဲ့ အောင်မြင်မှုစံချိန်နဲ့ တူညီသွားမှာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ လာမယ့်တနင်္လာနေ့မှာ ဘိုင်ယန်မြူးနစ်(သို့) လိုင်ယွန်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားရမှာပါ။ ပီအက်စ်ဂျီအနေနဲ့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ရင် တစ်ရာသီအတွင်း ဆုဖလား ၅ လုံး ဆွတ်ခူးနိုင်တဲ့အသင်း ဖြစ်လာမှာပါ။

စကော့တလန်ကလပ် ဆဲလ်တစ်အသင်းက ၁၉၆၆-၆၇ ရာသီမှာ ဥရောပဖလား၊ စကော့တလန်ပထမတန်းဖလား၊ စကော့တလန်ဖလား၊ လိဂ်ဖလား၊ ဂလက်စဂိုဖလား စတဲ့ ဖလား(၅)လုံး ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။ ရီးရဲလ်(၂၀၁၆-၁၇၊ ၂၀၁၇-၁၈)နဲ့ ဘိုင်ယန်မြူးနစ် (၂၀၁၂-၁၃)တို့ကတော့ ချန်ပီယံလိဂ်ဖလား အပါအဝင် တစ်ရာသီအတွင်း ဖလား(၄)လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ဒီရာသီမှာ Trophee des Champions ဖလား၊ လီဂူး-၁ ဖလား၊ Coupe de France နဲ့ Coupe de la Ligue ဖလားတွေ ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။ ဒီရာသီမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာဟာ ပီအက်စ်ဂျီအသင်းအတွက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top