သေမင်းနဲ့ စစ်ခင်းနေရတဲ့ ကင်ဆာရောဂါသည်ကလေးငယ်ကို ဖော်မြူလာဝမ်းပြိုင်ကားပို့ပေးခဲ့တဲ့ လူးဝစ်ဟာမီလ်တန်

60176917_2376981175666122_91224014445346816_n.jpg

ရှားပါးတဲ့ကင်ဆာရောဂါကြောင့် သေမင်းနဲ့စစ်ခင်းနေရတဲ့ (၅) နှစ်အရွယ် ကလေးငယ်ကို ဗြိတိန်ကားမောင်းသမား လူးဝစ်ဟာမီလ်တန်က ဖော်မြူလာဝမ်းပြိုင်ကားတစ်စီးပို့ပေးခဲ့ပါတယ်။ ဟာရီရှောလို့ အမည်ရတဲ့ကလေးငယ်ဟာ ပြီးခဲ့တဲ့အားလပ်ရက်က စပိန်ဂရင်းပရီပြိုင်ပွဲမတိုင်ခင် ဟာမီလ်တန် ကံကောင်းပါစေလို့ အင်စတာဂရမ်ပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ဟာမီလ်တန်က အဲဒီပို့စ်ကိုတွေ့သွားပြီး ကလေးငယ်ရဲ့ဆုတောင်းပေးမှုကြောင့် အရမ်းအားတက်သွားပြီလို့ အကြောင်းပြန်ခဲ့ပါတယ်။ ဟာမီလ်တန်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က စပိန်ဂရင်းပရီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်။ အဲဒီအောင်ပွဲက ဟာရီရှောအတွက် ရည်စူးတယ်လို့ ဟာမီလ်တန်က ပြောခဲ့ပါတယ်။ ဟာမီလ်တန်ဟာ ဟာရီရှောအိမ်ကို ဖော်မြူလာဝမ်းပြိုင်ကားတစ်စီးနဲ့ စပိန်ဂရင်းပရီပြိုင်ပွဲက ဆုဖလားကိုပေးပို့ခဲ့ပါတယ်။ ဟာရီရှောဟာ ရှားပါးတဲ့ အရိုးကင်ဆာရောဂါ (Ewing’s Sarcoma) ကို ကိုးလကြာ ရင်ဆိုင်နေရသူဖြစ်ပြီး ဧပြီလ (၂၉) ရက်နေ့မှာ ဆရာဝန်တွေက
နောက်ထပ်ငါးရက်ပဲ အသက်ရှင်နိုင်တော့မယ်လို့ ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ ဟာရီရှောကတော့ အခုအချိန်အထိအသက်ရှင်နေဆဲဖြစ်ပြီး သေမင်းကိုရင်ဆိုင်အံတုနေဆဲဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top