လျှာကို ဒေါ်လာ ၁ သန်းနဲ့ အာမခံထားတဲ့ ရေခဲမုန့်အရသာမြည်းစမ်းသူ

22-7-2022-05.jpg

အမေရိကန် ရေခဲမုန့်ကုမ္ပဏီ Dreyer မှာ အရသာမြည်းစမ်းသူအဖြစ် အလုပ်လုပ်တဲ့ ဂျွန်ဟာရစ်ဆန်ဟာ တစ်နေ့ကို ရေခဲမုန့်အရသာပေါင်း ၆၀ လောက်ကို မြည်းစမ်းပေးရသူပါ။ တစ်နှစ်တာမှာ သူ မြည်းစမ်းကြည့်တဲ့ ရေခဲမုန့်ပမာဏက ဂါလံ သန်းရာချီ ရှိလိမ့်မယ်လို့ ဟာရစ်ဆန်က ခန့်မှန်းပါတယ်။

ဒါပေမဲ့ သူက ရေခဲမုန့်တွေကို မစားပါဘူး။ မြည်းစမ်းပြီးတာနဲ့ ထွေးထုတ်တာပါ။ ရေခဲမုန့်အရသာ မြည်းစမ်းတဲ့အခါ အရသာ ရောထွေးမှုမဖြစ်စေဖို့ ရွေဇွန်းကို သုံးလေ့ရှိပါတယ်။သူ့လျှာက ပုံမှန်လူတွေရဲ့ လျှာထက် ပိုပါးလို့ အရသာခံနိုင်စွမ်း ပိုမြင့်မားတာပါ။ ရေခဲမုန့်တစ်ခုကို မြည်းကြည့်လိုက်တာနဲ့ ထောပတ်ဆီ ၁၁.၅ ရာခိုင်နှုန်း ပါတာလား၊ ၁၂ ရာခိုင်နှုန်း ပါတာလားဆိုတာကအစ ပြောနိုင်ပါတယ်။ ရေခဲမုန့်အရသာက ဈေးကွက်မှာ လူကြိုက်များမလား၊ မများနိုင်ဘူးလားဆိုတာ ပြောနိုင်စွမ်းရှိသူပါ။

ဒါကြောင့်လည်း သူ့လျှာရဲ့ အရသာခံအဖုလေးတွေကို အမေရိကန်ဒေါ်လာ ၁ သန်းနဲ့ အာမခံထားခဲ့ပါသေးတယ်။ သူဟာ အရသာခံစွမ်းရည်ကို ထိန်းသိမ်းဖို့အတွက် အစားအစာ အလွန်ရှောင်ကျဉ်ရပြီး ၂၀၁၀ ပြည့်နှစ်မှာတော့ ရေခဲမုန့်အရသာခံသူအဖြစ်ကနေ အနားယူခဲ့ပါတယ်။

Ref: John Harrison

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top